Connect with us

Europe

ဂျာမနီပါလီမန်ရွေးကောက်ပွဲတွင် လက်ယာယိမ်း AfD ပါတီက ပထမဆုံးအကြိမ် လွှတ်တော်တက်ခွင့်ရ

ဂျာမနီနိုင်ငံ Bundestag ပါလီမန်၌ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဘာလင် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ ပြည်ထောင်စုပါလီမန်ရွေးကောက်ပွဲတွင် လက်ယာယိမ်း AfD (Alternative fuer Deutschland ) ပါတီသည် စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်း မဲအားလုံးရေတွက်ပြီးချိန်တွင် တရားဝင် ထုတ်ပြန်သော ရလဒ်များအရ ပထမဆုံးအကြိမ် အနိုင်ရလဒ်ဖြင့် လွှတ်တော်တက်ခွင့်ရခဲ့ကြောင်း သိရသည်။

လူဝင်မှုကိုကန့်ကွက်သော သာမန်လူထုကိုယ်စားပြုသောပါတီသည် Bundestag (ပါလီမန်) အတွက် စက်တင်ဘာလ ၂၄ ရက်ကပြုလုပ်သော မဲပေးပွဲတွင် ထောက်ခံမဲ ၁၂.၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ပါလီမန်တွင် တတိယအင်အားအကြီးဆုံး ပါတီတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ကြောင်း တရားဝင်မဲရလဒ်များအရ သိရသည်။ဒုတိယကမ္ဘာစစ်ပြီးကတည်းက လက်ယာယိမ်း သာမန်လူထုကိုယ်စားပြုပါတီသည် Bundestag လွှတ်တော်တွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117