Connect with us

Europe

ယူကရိန်း အနောက်ပိုင်းတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၅၆ဦး နေမကောင်းဖြစ်

ယူကရိန်းနိုင်ငံမှ အရေးပေါ်လူနာတင်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ယူကရိန်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ တွင် အစာအဆိပ်သင့်မှုကြောင့် ကလေးငယ် ၆ဦး အပါအဝင် အနည်းဆုံး လူ ၅၆ဦး နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

လူ၄ဦးအား နေအိမ်၌ ဆေးကုသမှု ပေးထားပြီး အခြားလူ၅၂ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း Lviv ဒေသအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

အထူးကြပ်မတ်ဆောင်တွင် ကုသပေးထားသော လူနာတစ်ဦး မှာ အခြေအနေ အလွန်ပြင်းထန်နေပြီး အခြားလူနာ၁၃ဦးမှာလည်း အခြေအနေစိုးရိမ်ရကြောင်း နှင့် ကျန်လူနာများသည် အခြေအနေ တည်ငြိမ်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

အစာအဆိပ်သင့်သူအားလုံးသည် အူရောင်ငန်းဖျားရောဂါ ဝေဒနာခံစားခဲ့ရပြီး ဒေသတွင်းဈေးတစ်ခုတွင် ရောင်းချသည့် ငါးကင်အား စားသောက်ခဲ့ပြီးနောက် ထိုသို့ဖျားနာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်အား စတင်စုံစမ်းနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.