Connect with us

Europe

အီးယူမှ ဗြိတိန် ထွက်သွားပြီးနောက် အီးယူ အတွက်လည်း ကြီးစွာသော အားနည်းချက် ဖြစ်လာစေဟု ကျွမ်းကျင်သူတစ်ဦးက သုံးသပ်

ဗြိတိန်နှင့် အီးယူ အလံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘရာတစ်ဆလာဗာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဥရောပ သမဂ္ဂ (European Union= EU) မှ ဗြိတိန်နိုင်ငံ ထွက်ခွာခြင်းသည် အီးယူအဖွဲ့ဝင်နိုင်ငံများကိုလည်း ကြီးမားသော အားနည်းချက် ဖြစ်လာစေနိုင် ဖြစ်ကြောင်း ဥရောပ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ မာရို့စ် ဆပ်ဖ်ကိုဗစ် (Maros Sefccovic) က ပြောသည်။

“အကယ်၍ ဗြိတိန်လို အခြားနိုင်ငံ တစ်ခုကလဲ ခွဲထွက်လာခဲ့မယ်ဆိုရင်အားနည်းလာတဲ့ သမဂ္ဂတစ်ခုအဖြစ် ကမ္ဘာ့ အပြင်ဘက်ကို ရောက်သွားလိမ့်မယ်၊ အီးယူအနေဖြင့်လဲ ပြည့်ဝတဲ့ ပြန်လည်ပေါင်းစည်းရေး ပုံစံတစ်ခုနဲ့ ဒီအသိုင်းအဝိုင်းရဲ့ ငြိမ်ချမ်းရေးကို ထိန်းသိမ်းရန် စံပြ ကိရိယာ တစ်ခုကို စဉ်းစားထားပြီး ဖြစ်တယ်” ဟု ဆပ်ဖ်ကိုဗစ်က ပြောသည်။
ဗြိတိန် ဆန္ဒခံယူပွဲသည် လူထုကြိုက် ဝါဒ နှင့် အီးယူကို ဆန့်ကျင်လိုသောသူများ၏ လက်ဝယ် စိတ်ကြိုက် လုပ် ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဆပ်ဖ်ကိုဗစ်က ဆိုသည်။
ဗြိတိန် ဆန္ဒခံယူပွဲ ရလဒ်က အပြောင်းအလဲပြန်ဖြစ်သွားနိုင်မည်ဟု မယုံကြည်ကြောင်းလည်း ၎င်းက ဆို သည်။
ဆပ်ဖ်ကိုဗစ်က အဓိက ဆိုလိုရင်းမှာ ယင်း ရလဒ်သည် မတည်ငြိမ်ခြင်းနှင့် မရေရာခြင်းများဖြင့်သာ အချိန်ရှည်ကြာစေမည် ဖြစ် ကြောင်း၊ ဒါ့အပြင် အီးယူမှ ဗြိတိန် ထွက်ခွာခြင်း တစ်ခုကိုသာ မဟုတ်ဘဲ ပိုမို ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းသွားရန်လည်း လိုအပ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.