Connect with us

Europe

အစ္စတန်ဘူလ်ရှိ ဂေး လူစုလူဝေးအား အဓိကရုဏ်း ဖြိုခွင်းရေး ရဲတပ်ဖွဲ့ဖြင့် ဖြိုခွင်းခဲ့ရ

ဂေး ချီတက်ပွဲအား တူရကီ အဓိကရုဏ်းဖြိုခွင်းရေး ရဲများက နှိမ်နင်းနေစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ဂေး တက်ကြွ လှုပ်ရှားသူများအား ဖြိုခွင်းရန် မျက်ရည်ယို ဂတ်စ်များ၊ ရာဘာ ကျည်ဆံများဖြင့် ရဲတပ်ဖွဲ့က ဇွန်လ ၂၆ ရက်က ဖြိုခွင်းခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် တစ်ပတ်မတိုင်မီက တူရကီ တာဝန်ရှိသူများ၏ ခွင့်ပြုချက် မရရှိသည့်ကြားမှ LGBTI (Lesbian, Gay, Bisexual, Transgender and Intersex) ချီတက်ပွဲ ကျင်းပရန် ရာပေါင်းများစွာသော လူများ သည် Taksim Square အနီးရှိ လူသွားလာများသည့် Istiklal ရိပ်သာလမ်း၌ စုဝေးနေခဲ့သည်။
နိုင်ငံခြားသား နှစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၂ ဦး ထိန်းသိမ်းခံထားရကြောင်း Hurriyet နေ့စဉ် သတင်းစာ က ဖော်ပြထားသည်။ ဂျာမန် ဂရင်းပါတီမှ နိုင်ငံရေးသမား Volker Beck နှင့် ဥရောပ ပါလီမန် အဖွဲ့ဝင် Terry Reintke တို့ နှစ်ဦးအား မကြာမီ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.