Connect with us

Europe

အီးယူ က အမေရိကန် နိုင်ငံ ၏ အခွန်တိုးမြှင့်ကောက်ယူမှု ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သွင်းကုန် များ အပေါ် အခွန်တိုးမြှင့်ကောက်ယူမှု စတင်ဆောင်ရွက်ရန် အတည်ပြု

အီးယူ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ၏ သံမဏိ နှင့် အလူမီနီယံ သွင်းကုန် များအပေါ် အခွန်တိုးမြှင့် ကောက်ယူသည့် ဆောင်ရွက်မှု အား တုံ့ပြန် သည့် အနေဖြင့် အီးယူ ကော်မရှင် က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် (WTO) သို့ သတင်း ပေးပို့ပြီး ဖြစ်သည့် စာရင်း တွင် ပါဝင် သည့် အမေရိကန် နိုင်ငံ ကုန်ပစ္စည်းများ အားလုံး အပေါ် အခွန်တိုးမြှင့် ကောက်ယူမှု ကို စတင်ဆောင်ရွက်ရန် ဇွန်လ ၆ ရက်နေ့ ၌ အတည်ပြု လိုက်ပြီး ဇူလိုင်လ တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

အီးယူ ကော်မရှင် က ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် ကော်မရှင် အနေဖြင့် ဇွန်လ မကုန်ဆုံးမီ အဖွဲ့ဝင် နိုင်ငံ များ နှင့် သက်ဆိုင်ရာ လုပ်ငန်းများ ကို ပြီးစီးအောင် ညှိနှိုင်းမှုများ ဆောင်ရွက်မည် ဖြစ်ပြီး ဇူလိုင်လ တွင် စတင် အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Wilbur Ross က အမေရိကန် နိုင်ငံ အနေဖြင့် ဇွန်လ ၁ ရက်နေ့ မှ စတင်၍ အီးယူ ၊ ကနေဒါ နှင့် မက္ကဆီကို နိုင်ငံ တို့မှ တင်ပို့သည့် သံမဏိ နှင့် အလူမီနီယံ ကုန်ပစ္စည်းများအား အခွန် ၂၅ ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင်နှုန်း သီးခြားစီ တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း မေလ ၃၁ ရက်နေ့ ၌ ပြောကြား ခဲ့သည်။

အီးယူ ကော်မရှင် က မေလ ၁၈ ရက်နေ့ ၌ WTO သို့ အနာဂတ် တွင် အမေရိကန် နိုင်ငံ ထုတ်ကုန် များ အပေါ် အခွန်တိုးမြှင့် ကောက်ခံမည့် စာရင်း အား ပေးပို့ ခဲ့ပြီး ယခု အခွန် တိုးမြှင့် ကောက်ခံ မည့် ဆောင်ရွက်မှု တွင် ပေးပို့ ခဲ့သည့် စာရင်း ၌ ပါဝင် သည့် အမေရိကန် ကုန်ပစ္စည်းများ အားလုံး အပေါ် အခွန် တိုးမြှင့် ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စာရင်းပြုစုချက်များ အရ အမေရိကန် နိုင်ငံ ၏ အခွန်တိုးမြှင့် ကောက်ယူမှုကြောင့် အီးယူ အဖွဲ့ဝင် နိုင်ငံ ၏ ယူရိုငွေ ၆.၄ ဘီလီယံ တန်ဖိုးရှိသည့် ပို့ကုန်ပစ္စည်း အပေါ် သက်ရောက်မှု ဖြစ်ပေါ် စေမည် ဖြစ်သည်။ အီယူ ကော်မရှင် အနေဖြင့် ကုန်သွယ်ရေး ညီမျှမှု ရှိစေရန် အတွက် အမေရိကန် နိုင်ငံ ၏ အီးယူ သို့ တင်ပို့ သည် တန်ဖိုး ယူရိုငွေ ၂.၈ ဘီလီယံ ရှိသည့် ကုန်ပစ္စည်း အပေါ် ချက်ခြင်း အခွန် တိုးမြှင့် ကောက်ခံရန် နှင့် ကျန် ယူရိုငွေ ၃.၆ ဘီလီယံ တန်ဖိုးရှိ ကုန်သွယ်ရေး မညီမျှမှု ကို ၃ နှစ် အတွင်း တဖြည်းဖြည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.