Connect with us

Europe

လန်ဒန်မြို့ရှိ ဟိုတယ်မီးလောင်မှုကို ငြှိမ်းသတ်ရန် မီးသတ်ကား ၂ဝ စင်း နှင့် မီးသတ်သမား ၁၂ဝ ဦးအသုံးပြုခဲ့ရ


လန်ဒန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

လန်ဒန်မြို့Knightsbridge ရှိ Mandarin Oriental ဟိုတယ်မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် မီးသတ်ကား ၂ဝ စင်း နှင့် မီးသတ်သမား ၁၂ဝ ဦးကို အသုံးပြုခဲ့ကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။

ကြယ်ငါးပွင့်ဟိုတယ်မှ ထွက်ပေါ်လာသော မီးခိုးများကို လန်ဒန်မြို့နေရာအနှံ့အပြားမှ တွေ့မြင်ခဲ့ရကြောင်း ၊ မီးခိုးပြာများသည် နေရာအနှံ့ပေါ်သို့ကျရောက်နေကြောင်း မျက်မြင်သက်သေများက ဆိုသည်။

မီးလောင်မှုဖြစ်ပွားသော လန်ဒန်မြို့လယ်ရှိ Mandarin Oriental ဟိုတယ်အားတွေ့ရစဉ်(ဆင်ဟွာ)

“ မီးညွန့်ကျိုးဖို့မီးသတ်သမားတွေ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပါတယ်။ အသက်ကယ် အောက်ဆီဂျင်ဗူးတွေကို အသုံးပြုပြီး မီးသတ်သမားတွေဟာ အဆောက်အအုံထဲကို ရောက်အောင်ဝင်ခဲ့ကြပါတယ် ” ဟု လန်ဒန်မြို့မီးသတ်တပ်ဖွဲ့ဌာန မန်နေဂျာ Pam Oparaocha က အခင်းဖြစ်နေရာ၌ ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရာကို မသိရသေးကြောင်း ၊ လူအသေအပျောက်ရှိ မရှိနှင့်ပတ်သက်၍လည်း ချက်ခြင်းမသိရသေးကြောင်း ၊ အဆောက်အအုံထဲတွင် လူပိတ်မိနေခြင်းရှိမရှိကိုလည်း မသိရသေးကြောင်း အနီးအနားရှိ ရဲတပ်ဖွဲ့ဝင်များက သတင်းသမားများအားပြောကြားခဲ့သည်။

Knightsbridge တံတားအနီးရှိ လမ်းကို ပိတ်ထားကြောင်း လန်ဒန်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

လန်ဒန်လူနာတင်ယာဉ်ဝန်ဆောင်မှုက အခင်းဖြစ်နေရာသို့ကယ်ဆယ်ရေးအရာရှိများ နှင့် မီးခိုမွှန်မှုကို တုံ့ပြန်ပေးမည့် ထိန်းချုပ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း သိရသည်။ “ ဘယ်လူနာတစ်ယောက်ကိုမှ ကုသပေးရတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဆက်ပြီးစောင့်ကြည့်မှုတွေလုပ်နေပါတယ်” ဟု ကယ်ဆယ်ရေးအဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး Graham Norton က ဆိုသည်။

လူပေါင်း ၇၂ ဦး အသက်သေဆုံးခဲ့ရသည့် Grenfell တာဝါ မီးလောင်မှု တစ်နှစ်ပြည့် အခါသမယတွင် ယခုကဲ့သို့လန်ဒန်မြို့၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Mandarin Oriental ဟိုတယ်၏ တရားဝင် ဝက်ဆိုဒ်တွင် ၎င်းတို့ဟိုတယ်အား ပေါင်ငွေ သန်းပေါင်းများစွာ အသုံးပြု၍ အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုထားသည်။ ၎င်းဟိုတယ်၌ ဧည့်သည်များ တည်ခိုနိုင်သည့် အခန်းပေါင်း ၁၈၁ ခန်း နှင့် နေရာထိုင်ခင်းများ ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.