Connect with us

Europe

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် က အီရန် နျူကလီးယား အရေး သဘောတူညီချက် အား ခိုင်မြဲစွာ လိုက်နာ သွားမည် ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် အား ပြောကြား

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် Theresa May အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် Theresa May က ဗြိတိန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေး သဘောတူညီချက် ၏ “အတူတကွ ဘက်စုံဆောင်ရွက်မှု အစီအစဉ်” ကို ခိုင်မြဲစွာ လိုက်နာသွားမည် ဖြစ်ကြောင်း နှင့် အီရန် နိုင်ငံ မှ နျူကလီးယား လက်နက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အား တားဆီးရန် အီရန် နျူကလီးယား အရေး သဘောတူညီချက် မှာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဇွန်လ ၆ ရက် ၌ ပြောကြား ခဲ့သည်။

Theresa May က အလည်အပတ် ခရီးစဉ် ဖြင့် ရောက်ရှိနေသည့် အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား တွေ့ဆုံစဉ် အထက်ပါ အကြောင်းအရာ အား ပြောကြား ခဲ့ခြင်း ဖြစ်ပြီး ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူ ၏ ပြောကြားချက်အရ ဗြိတိန် ဝန်ကြီးချုပ် အနေဖြင့် တွေ့ဆုံဆွေးနွေးမှု အတွင်း အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် အား လတ်တလော ရက်ပိုင်း အတွင်း ဂါဇာ ကမ်းမြောင် ဒေသတွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု များ နှင့် ပတ်သက်၍ လွန်စွာ ဂရုပြုမိကြောင်း ပြောကြား ခဲ့သည် ဟု သိရှိရသည်။

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အနေဖြင့် ဇွန်လ ၄ ရက်နေ့ မှ စတင်၍ ဥရောပ လည်ပတ်ရေး ခရီးစဉ် ကို စတင် ခဲ့ပြီး ဂျာမဏီ ၊ ပြင်သစ် နှင့် ဗြိတိန် နိုင်ငံ တို့မှ လက်ရှိ သဘောထား ရပ်တည်မှု ကို ပြောင်းလဲ၍ အီရန် နျူကလီးယား အရေး သဘောတူညီချက် ကို စွန့်လွှတ်ရန် တိုက်တွန်းမှုများ ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.