Connect with us

Europe

ဗြိတိန်၏ Brexit နှုတ်ထွက်ချိန်ကို လာမည့်နှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂသဘောတူ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လွတ်တော်အဆောက်အဦ ရှေ့တွင် ဥရောပသမဂ္ဂအလံနှင့် ဗြိတိန် အလံအား တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

Brexit နှုတ်ထွက်ချိန်ကို  ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်သို့ ရွှေ့ဆိုင်းပေးရန် ဗြိတိန်၏လျှောက်ထားချက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက သဘောတူ ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk)က အောက်တိုဘာ ၂၈ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။ 

ဗြိတိန်အောက်လွတ်တော်က အောက်တိုဘာ ၁၉ရက်တွင် ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင်၏ ဥရောပသမဂ္ဂနှင့်ရရှိထားသော Brexitသဘောတူညီချက်ကို မဲခွဲဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့သလို  Brexit အချိန်ကို ထပ်မံရွှေ့ဆိုင်းရန် ဘိုးရစ်ဂျွန်ဆင်ကို ဖိအားပေး ခဲ့ကြောင်း သိရသည်။ 

ထိုနေ့တွင်ပင် ဘိုးရစ်ဂျွန်ဆင်သည် ဒေါ်နယ်တက်စ်ထံသို့ စာပို့ကာ မူလ သတ်မှတ်ထားသည့် Brexit အချိန် ဖြစ်သော အောက်တိုဘာ ၃၁ ရက်နေ့အစား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။(Xinhua)