Connect with us

Europe

ရုရှားနိုင်ငံက Tu-160 ဗုံးကြဲလေယာဉ်များကို တောင်အာဖရိက စစ်ဘက်အဆင့်မြင့်အရာရှိများအား ပြသ

Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စစ်တပ်က တာဝေးပစ် ဒုံးကျည်သယ်ဆောင်သော Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းကို တောင်အာဖရိကနိုင်ငံ စစ်တပ် အဆင့်မြင့်အရာရှိကြီးများအား ခင်းကျင်းပြသခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“ခရီးစဉ်ရဲ့ရည်ရွယ်ချက်က ရုရှား လေတပ်နဲ့ အာဖရိက လေတပ်တို့အကြား နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။

“ရုရှားနှင့် တောင်အာဖရိကတို့ရဲ့ ဘက်စုံ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးက မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးနဲ့ အပြန်အလှန် နားလည်မှုရဲ့ စိတ်ဓာတ်နဲ့တည်ဆောက်ခဲ့တယ်” ဟု ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

Tu-160 စစ်လေယာဉ်နှစ်စင်း၊ Il-62 ၊ An-124 Ruslan စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်း ပါဝင်သည့် ရုရှား လေတပ်အုပ်စုသည် တောင်အာဖရိကသို့ အောက်တိုဘာ ၂၅ ရက်၌ ရောက်ရှိခဲ့ပြီး ပရီတိုးရီးယားမြို့ရှိ Waterkloof လေတပ်အခြေစိုက်စခန်း၌ ဆင်းသက်ခဲ့ကြောင်း သိရသည်။

ယင်းလေယာဉ်အုပ်စုသည် ကက်စ်ပီယံရေပြင်နှင့် အာရေဘီယံပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့အပေါ် အမြင့်ကီလိုမီတာ ၁၁,၀၀၀ ကျော်ဖြင့် ၁၃ နာရီကျော်ကြာ ပျံသန်းပြသခဲ့ပြီး လေထဲ၌ပင် ဆီဖြည့်ခဲ့ကြကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117