Connect with us

Europe

တရုတ်-CEEC ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆစ်ဇ်ဂျာတိုတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEECs) နှင့်အတူ နှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုအား ထောက်ခံခြင်း၊ ဘက်ပေါင်းစုံပါဝင်မှုအား စောင့်ထိန်းခြင်းနှင့် ဘုံစိန်ခေါ်မှုများအား ကိုင်တွယ်ခြင်း လုပ်ဆောင်မည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုပုံစံ တရုတ်-CEEC ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင်လ ၁၂ ရက်က ပြောခဲ့သည်။

ဝမ်က ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆစ်ဇ်ဂျာတို (Peter Szijjarto) နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မှတ်ချုက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။လာမည့်နှစ်တွင် တရုတ်-CEEC ခေါင်းဆောင်များ တွေ့ဆုံပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်နိုင်ငံအနေဖြင့် တရုတ်-CEEC ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အဆင့်မြှင့်တင်ရန် CEEC နိုင်ငံများမှ မိတ်ဆွေများနှင့်အတူ လုပ်ဆောင်ရန်အတွက် ဤအခွင့်အရေးအား ယူဆောင်ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆစ်ဇ်ဂျာတိုကလည်း ၎င်းတို့နိုင်ငံအနေဖြင့် တရုတ်-CEEC ပူးပေါင်းဆောင်ရွက်မှုအား ကြီးမားအရေးပါမှုအဖြစ် မှတ်ယူပါကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းက တရုတ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့၏ ဘုံအကျိုးစီးပွားများနှင့် CEECs နိုင်ငံများနှင့် အခြားသော ဥရောပနိုင်ငံများအတွက် လုပ်ဆောင်ပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ဟန်ဂေရီနိုင်ငံအနေဖြင့် ဆက်လက်၍ တရုတ်-CEEC ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာဖြင့် အပြုသဘာဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.