Connect with us

Europe

တူရကီနိုင်ငံ က အမေရိကန်၏ကန့်ကွက်မှုများကြားမှ ရုရှား၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူ

ရုရှားနိုင်ငံလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ တူရကီနိုင်ငံ Murted လေတပ်အခြေစိုက်စခန်းသို့ အန်တိုနော့ဗ် စစ်ဘက်ကုန်တင်လေယာဉ်ကြီးများ ဖြင့် ဇူလိုင်လ ၁၂ ရက်က ပထမအသုတ်ရောက်ရှိလာစဉ်။ (ဆင်ဟွာ)

အန်ကာရာ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံက ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ဇူလိုင်လ ၁၂ ရက်ကလက်ခံ ရရှိခဲ့ရာ ထိုကဲ့သို့ဝယ်ယူခဲ့မှုကတူရကီနိုင်ငံအပေါ် အမေရိကန်ကပိတ်ဆို့မှုအား တုံ့ပြန်ဖြစ်ပေါ်လာစေ နိုင်သလို နေတိုးအဖွဲ့၏မဟာမိတ်အဖြစ်တည်ရှိမှုကိုလည်းစမ်းသပ်ရာရောက်စေမည်ဖြစ်ကြောင်းသိရ သည်။

ရုရှားနိုင်ငံလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ တူူရကီနိုင်ငံ Murted လေတပ်အခြေစိုက်စခန်းသို့ အန်တိုနော့ဗ် စစ်ဘက်ကုန်တင်လေယာဉ်ကြီးများ ဖြင့် ဇူလိုင်လ ၁၂ ရက်က ပထမအသုတ်ရောက်ရှိလာစဉ်။ (ဆင်ဟွာ)

ကမ္ဘာပေါ်တွင်နည်းပညာအမြင့်ဆုံးလည်းဖြစ်သည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ် အပိုင်းများက ရုရှားစစ်လေယာဉ်သုံးစီးဖြင့် အန်ကာရာမြို့၏အနောက်မြောက်ဘက် အစွန်အဖျားပိုင်း တွင်ရှိသော Murted လေတပ်အခြေစိုက်စခန်းသို့ ပထမဆုံးအသုတ်အဖြစ်ရောက်ရှိလာကြောင်း တူရ ကီအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြခဲ့သည်။

ကြေညာချက်တွင်တူရကီအနေနှင့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ပထမအသုတ်အားလက် ခံရရှိခဲ့ကြောင်း၊ရုရှားထံမှပေးပို့မှုများက Murted လေတပ်အခြေစိုက်စခန်းသို့ရောက်ရှိလာခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်းကျန်ရှိအစိတ်အပိုင်းများဆက်လက်ရောက်ရှိလာမည်ဟုမျှော်လင့်ရကြောင်း ဖေါ်ပြ ခဲ့သည်။

ရုရှားနိုင်ငံလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ တူူရကီနိုင်ငံ Murted လေတပ်အခြေစိုက်စခန်းသို့ အန်တိုနော့ဗ် စစ်ဘက်ကုန်တင်လေယာဉ်ကြီးများ ဖြင့် ဇူလိုင်လ ၁၂ ရက်က ပထမအသုတ်ရောက်ရှိလာစဉ်။ (ဆင်ဟွာ)

တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လွတ် ကာဗူဆိုဂလူ(Melvut Cavusoglu) ကအန်ကာရာမြို့တွင်သ တင်းထောက်များအား“ခုလိုဝယ်ယူခဲ့မှုကြောင့်ပြဿနာတစ်စုံတစ်ရာမရှိပါဘူး၊ဝယ်ယူမှုအတွက်အဆင် ပြေပြေနဲ့ပဲရှေ့ဆက်ဆောင်ရွက်သွားမှာပါ” ဟုပြောကြားခဲ့သည်။S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူမှုကို ရုရှားအစိုးရနှင့်တူရကီအစိုးရတို့အကြား ၂၀၁၇ ခုနှစ်ကလက်မှတ်ထိုးခဲ့ကြသော သဘောတူညီချက်အရ ဆောင်ရွက်ကြခြင်းဖြစ်သည်။ လေ့လာသူများ ကတူရကီသမ္မတရီဆက်တေရစ်အာဒိုဂန် အနေနှင့်ရုရှားနိုင်ငံနှင့်ပိုမို၍ညှိနှိုင်းဆောင်ရွက်မှုပြုရန်လိုလား လျက်ရှိပြီး ၎င်းကနေတိုးစစ်စာချုပ်အဖွဲ့၏ အဓိကမဟာမိတ်နှစ်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံနှင့်တူရ ကီ နိုင်ငံတို့အကြားဆက်ဆံရေးကို အလှဲ့အပြောင်း ဖြစ်စေနိုင်ကြောင်းလည်းသုံးသပ်ထားကြသည်။

ရုရှားနိုင်ငံလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ တူူရကီနိုင်ငံ Murted လေတပ်အခြေစိုက်စခန်းသို့ အန်တိုနော့ဗ် စစ်ဘက်ကုန်တင်လေယာဉ်ကြီးများ ဖြင့် ဇူလိုင်လ ၁၂ ရက်က ပထမအသုတ်ရောက်ရှိလာစဉ်။ (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်လ်ထရမ့် ၏အစိုးရ က တူရကီအနေဖြင့်ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူရန်သဘောတူညီခဲ့မှုအပေါ်မည်သို့တုံ့ပြန်ဆောင်ရွက်မည် ဟုတိကျသေချာစွာပြောကြားခြင်းကားမရှိသေးပေ။သို့ရာတွင်အမေရိကန်အစိုးရ အရာရှိများကမူ တူရ ကီသို့ အမေရိကန်နိုင်ငံ၏ နည်းပညာမြင့် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်အစီး ၁၀၀ ခန့်ရောင်းချရန် ရှိမှုအားဖျက်သိမ်းမှုအပါအဝင် ဆန့်ကျင်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၂၀၁၇ ခုနှစ်ဥပဒေအ ရ အမေရိကန်၏ပိတ်ဆို့မှုများနှင့်လည်းတူရကီ ကြုံတွေ့ရဖွယ်ရှိကြောင်း သတိပေးပြောကြားမှုများပြု လုပ်ခဲ့ကြသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ နေတိုးစစ်ဌာနချုပ်သို့ ဇွန်လအတွင်းကလာရောက်စဉ်ကလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနယာယီဝန်ကြီး မာ့က်အက်စပါ(Mark Esper)က တူရကီအနေဖြင့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အားရုရှားထံမှဝယ်ယူခဲ့လျှင် အမေရိကန်အစိုးရကတူရကီသို့

ရုရှားနိုင်ငံလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ တူူရကီနိုင်ငံ Murted လေတပ်အခြေစိုက်စခန်းသို့ အန်တိုနော့ဗ် စစ်ဘက်ကုန်တင်လေယာဉ်ကြီးများ ဖြင့် ဇူလိုင်လ ၁၂ ရက်က ပထမအသုတ်ရောက်ရှိလာစဉ်။ (ဆင်ဟွာ)

အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များရောင်းချမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။သို့ရာတွင်အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်အနေနှင့် တူရကီသမ္မတအားထောက်ခံလျက်ရှိကြောင်း လူသိရှင်ကြားပြောကြားမှုများရှိခဲ့သည့်အပြင်ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ် ယူရန် အာဒိုဂန်၏ဆုံးဖြတ်ချက်ကိုနားလည်စာနာပါကြောင်းလည်း မကြာခင်ကပြောခဲ့သေးသည်။

ဂျပန်နိုင်ငံအိုဆာကာမြို့၌ ဇွန်လအတွင်းကကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီးအစည်းအဝေးအပြီးတွင်တူရ ကီနိုင်ငံသမ္မတ အာဒိုဂန် က၎င်းအနေဖြင့် အမေရိကန်နိုင်ငံက တူရကီနိုင်ငံအပေါ်ပိတ်ဆို့မှုပြုလုပ်မည် ဟုမယုံကြည်ကြောင်းပြောခဲ့သည်။၎င်းကS-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူမှုအားဖျက် သိမ်းရန်အတွက်မူငြင်းဆိုခဲ့ပြီးအမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ၎င်းဝယ်ယူမှုကတူရကီ နိုင်ငံအတွက် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်အခွင့်အရေးလည်းဖြစ်ကြောင်းပြောခဲ့သည်။၎င်းအနေဖြင့် အမေရိကန်နိုင်ငံ ၏ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ ်ကို ဝယ်ယူရန်ကြိုးစားခဲ့သော် လည်း အလားအလာရှိသောစိတ်ကျေနပ်ဖွယ်ကမ်းလှမ်းမှုများ အတိတ်ကာလအတွင်းမရရှိခဲ့ကြောင်း အာဒိုဂန် ကပြောခဲ့သည်။

တစ်ဘက်တွင် အမေရိကန်အစိုးရအရာရှိများအနေဖြင့်လည်း တူရကီအနေဖြင့် S-400 လေကြောင်း ရန်ကာကွယ်ရေးစနစ် အားပိုင်ဆိုင်ခဲ့ခြင်းက အက်ဖ်-၃၅ လေယာဉ်များ၏ထောက်လှမ်းရေးနည်းပညာ များ ရုရှားထံပေါက်ကြားမှုဖြစ်စေမည်ကိုစိုးရိမ်သကဲ့သို့ နေတိုးအဖွဲ့အတွင်းစစ်ဆင်ရေးစီမံလှုပ်ရှားမှုပြ ဿနာများဖြစ်စေနိုင်မည်ဟုပြောခဲ့ကြသည်။(Xinhua)