Connect with us

Europe

ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်နန်းတော် ဝင်ပေါက်ဂိတ်များအားကျော်တက်ခဲ့သူ အမျိုးသားတစ်ဦးဖမ်းဆီးခံရ

ဗြိတိန်နိုင်ငံရှိ ဘက်ကင်ဟမ်နန်းတော်အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ဇူလိုင်လ ၁၀ ရက်နံနက်အစောပိုင်းက ဘက်ကင်ဟမ်နန်းတော်၏ အရှေ့ဘက်ဝင်ပေါက်ဂိတ်များအား ကျော်တက်ခဲ့သည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က မည်သူမည်ဝါဖြစ်ကြောင်း ပြောကြားထားခြင်းမရှိသည့် အသက် ၂၂ နှစ်အရွယ် အဆိုပါ အမျိုးသားမှာ အခင်းဖြစ်ပွားချိန်က လက်နက်ကိုင်ဆောင်ထားခြင်းမရှိကြောင်းနှင့် ယင်းဖြစ်ရပ်မှာ အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိကြောင်း သိရသည်။

ကျူးကျော်ဝင်ရောက်လာကြောင်း မသင်္ကာမှုဖြင့် ထိုအမျိုးသားအား တော်ဝင်အထူးအရာရှိများက ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်အချိန်က နန်းတော်အတွင်း ဘုရင်မကြီးရှိနေခဲ့ကြောင်း နန်းတော်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.