Connect with us

WORLD

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေးကို သုံးစွဲခွင့်ပြုလိုက်ခြင်းအပေါ် ဖိလစ်ပိုင်ချီးကျူး

A healthcare frontliner receives a dose of AstraZeneca COVID-19 vaccine inside a school turned into a vaccination site in Manila, the Philippines, March 23, 2021. (Xinhua/Rouelle Umali)

မနီလာ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech မှထုတ်လုပ်သော CoronaVac COVID-19 ကာကွယ်ဆေးအား အရေးပေါ်သုံးစွဲရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထောက်ခံအတည်ပြုချက်ရရှိခဲ့ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံက ဇွန် ၂ ရက်တွင် ထုတ်ဖော် ချီးကျူးလိုက်ပြီး ယင်းမှာ ကာကွယ်ဆေးအပေါ် ဖိလစ်ပိုင်လူမျိုးများ ယုံကြည်မှု မြင့်တက်စေမည်ဖြစ်ကြောင်း ဆိုသည်။“အခုတော့ဖိလစ်ပိုင်စားနပ်ရိက္ခာနဲ့ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က Sinovac ကာကွယ်ဆေးဟာအန္တရာယ်ကင်းပြီးထိရောက်မှုရှိတယ်လို့ပြောရုံသာမက ကုလသမဂ္ဂအေဂျင်စီကလည်းသူ့ရဲ့ဘေးကင်းမှုနဲ့ အာနိသင်ရှိမှုကို အာမခံနေပါတယ်” သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Harry Roque က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ဖိလစ်ပိုင် FDA က Sinovac ၏ CoronaVac ကာကွယ်ဆေးကို ဖေဖော်ဝါရီလတွင် အရေးပေါ် အသုံးပြုရန်အတည်ပြုခဲ့ပြီး၊ CoronaVac ကာကွယ်ဆေးပထမတစ်သုတ်ကို ဖိလစ်နိုင်ငံသို့ တင်သွင်းရန် လမ်းကြောင်းဖွင့်ပေးခဲ့သလို ကာကွယ်ဆေးပထမသုတ်လည်း ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်းသော CoronaVac ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိပြီးနောက် တစ်ရက်အကြာ မတ် ၁ ရက်တွင် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်စတင်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ မေ ၃၀ ရက်အထိ COVID-19 ကာကွယ်ဆေးအကြိမ်ရေ ၅ သန်းကျော် ထိုးနှံထားပြီး အဓိကအားဖြင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအခြေအနေ မကောင်းသူများကို ဦးစားပေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးရရှိမှုပေါ်မှုတည်၍ နိုင်ငံတွင် ယခုနှစ်အတွင်း လူဦးရေ သန်း ၇၀ အား ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ဇွန် ၁ ရက်အထိ သေဆုံးသူ ၂၁,၀၁၂ ဦးအပါအဝင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၁,၂၃၅,၄၆၇ ဦး ရှိသည်။ (Xinhua)

——————————————
(English Version)

Philippines lauds WHO approval of China’s Sinovac COVID-19 vaccine

MANILA, June 2 (Xinhua) — The Philippines lauded on Wednesday the World Health Organization’s (WHO’s) approval of the CoronaVac COVID-19 vaccine developed by Chinese pharmaceutical company Sinovac Biotech for emergency use, saying it will boost the vaccine confidence of Filipinos.

“Now, it’s not only the Philippine’s Food and Drug Administration (FDA) saying that the Sinovac vaccine is safe and effective, but also a United Nations agency is vouching for its safety and efficacy,” Presidential spokesperson Harry Roque said in a statement.

Philippine FDA approved the Sinovac’s CoronaVac vaccine for emergency use in February, paving the way for the delivery of the first batch of CoronaVac to the country, the first vaccine to reach the Philippines.

The Philippines kicked off the vaccination drive on March 1, a day after China donated the first batch of CoronaVac vaccines.
The Philippines has administered more than 5 million doses of COVID-19 vaccines as of May 30, primarily to frontline healthcare workers, the elderly, and those with underlying medical conditions.

The country aims to vaccinate up to 70 million people this year, depending on the vaccine supply.
The Philippines has reported a total of 1,235,467 COVID-19 cases as of Tuesday, including 21,012 deaths. Enditem