Europe
ဥရောပ ၁၅ နိုင်ငံတွင် Fipronil ပိုးသတ်ဆေး ပါဝင်သော ကြက်ဥများ တွေ့ရှိရကြောင်း ဥရောပသမဂ္ဂဆို
ဘရပ်ဆဲ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဥရောပ ၁၅ နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် ဟောင်ကောင်ဒေသတို့တွင် ဥရောပ မွေးမြူရေးခြံများမှ Fipronil ပိုးသတ်ဆေး ပါဝင်သော ကြက်ဥများ တွေ့ရှိခဲ့ရကြောင်း ဥရောပ ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
Fipronil ပိုးသတ်ဆေး ပါဝင်သော ကြက်ဥများအားလုံး ရရှိခဲ့ကြောင်း ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဒန်နီယယ် ရိုဆာရီက ဆိုသည်။
မကြာသေးမီက ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် နယ်သာလန် စသည့် နိုင်ငံများရှိ ဈေးဆိုင်များပေါ် ရောင်းချနေသည့် Fipronil ပိုးသတ်ဆေး ပါဝင်သော ကြက်ဥ သန်းပေါင်းများစွာကို ဖယ်ရှားပစ်ခဲ့သည်ဟု ဆိုသည်။
Fipronil ဆိုသည်မှာ တိရစ္ဆာန်များတွင် ထိရောက်စွာ သုံးစွဲနေသည့် ပိုးသတ်ဆေး တစ်မျိုး ဖြစ်သည်။ ၎င်းက အနည်းငယ် အဆိပ်ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားထားပြီး အဆိုပါ ပိုးသတ်ဆေးကြောင့် လူ၏ အသည်း၊ သွိုင်းရိုက်နှင့် ကျောက်ကပ်ကို ပျက်စီးစေခြင်းမှ ကာကွယ်သည့် အနေဖြင့် တိရစ္ဆာန်အစာများတွင် အသုံးပြုခြင်းကို အသုံးပြုရန် တားမြစ်ထားကြောင်း သိရသည်။ (Xinhua)