Connect with us

Europe

ယူကရိန်းက ၂၀၁၈ခုနှစ်တွင် တာဝေးပျံသန်းနိုင်သည့် ရဟတ်ယာဉ်များ ဆောက်လုပ်မည်

Motor-Sich ကုမ္ပဏီပိုင် ရဟတ်ယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ယူကရိန်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ လေယာဉ်ပစ္စည်းထုတ်လုပ်သည့် Motor-Sich ကုမ္ပဏီက “နာဒီရာ” အမည်ရှိ တာဝေးပျံသန်းနိုင်သည့် ရဟတ်ယာဉ်များ ကို ၂၀၁၈နှစ်ဆန်းပိုင်းတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Motor-Sich ကုမ္ပဏီ ဥက္ကဋ္ဌ Vyacheslav Boguslaev က ယင်း ရဟတ်ယာဉ်သည် ခရီးသည် ၇ဦးလိုက်ပါစီးနင်းနိုင်ရန် ပုံစံရေးဆွဲထားသည့် အရပ်ဘက်သုံးရဟတ်ယာဉ်တစ်စီး ဖြစ်ပြီး ခရီးအကွာအဝေး ၁,၀၀၀ကီလိုမီတာခန့် အထိ ပျံသန်းနိုင်မည်ဖြစ်ရာ ယူကရိန်းနိုင်ငံအနှံ့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Boguslaev ၏ ပြောကြားချက်အရ ယင်းဘက်စုံသုံး ရဟတ်ယာဉ် သည် စီးပွားဖြစ်အသုံးပြုရန် သင့်လျော်သည် သာမက နယ်စပ်တွင် ကင်းလှည့်စောင့်ကြည့်ခြင်း (သို့) အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကဲ့သို့ အစိုးရလုပ်ငန်းများတွင်လည်း အသုံးတည့်ကြောင်း ပြေကြားခဲ့သည်။

ယခုလက်ရှိတွင် ယူကရိန်း လုပ်ငန်းရှင်များက ခရီးအကွာအဝေး ၆၀၀ကီလိုမီတာအောက် ပျံသန်းနိုင်သည့် အပေါ့စားရဟတ်ယာဉ်များကိုသာ ထုတ်လုပ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.