Connect with us

Europe

ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeierနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeierနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ စက်တင်ဘာ ၁ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) 

ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier သည် ဂျာမနီသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား စက်တင်ဘာ ၁ ရက်က ဘာလင်မြို့ သမ္မတအိမ်တော်တွင်  လက်ခံတွေ့ဆုံ၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ Steinmeierက သမ္မတရှီကျင့်ဖိန်အား နှုတ်ခွန်းဆက်ကြောင်း ပြောကြားခဲ့သည်။ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အစဉ်အမြဲအထူးအလေးထားရာ တရုတ်နိုင်ငံနှင့်အတူ ပို၍ နီးကပ်သည့်ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသလို ပို၍ နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းမှာ လက်ရှိ တင်းမာနေသည့်နိုင်ငံအခြေအနေတွင် အထူးလိုအပ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဂျာမနီအနေဖြင့် ခိုင်မာစွာလက်ကိုင်ထားသလို နိုင်ငံတကာရေးရာတွင်လည်း နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာ လက်ကိုင်ထားလျက်ရှိရာ “ခွဲထွက်ခြင်း”ကို မထောက်ခံသလို ကမ္ဘာတွင် ကွဲလွဲမှုများဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်ပွားစေလိုကြောင်း ပြောကြားခဲ့သည်။ 

ဝမ်ရိကလည်း သမ္မတရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်ရေး ပုံမှန်လုပ်ဆောင်နေသည့်အချိန်တွင် ဂျာမနီနှင့် ဥရောပသို့ လာရောက်လည်ပတ်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဂျာမနီ၊ တရုတ်-ဥရောပ ဆက်ဆံရေး၏ အလေးထားမှုနှင့်မျှော်လင့်မှုကို ဖော်ပြခြင်း ဖြစ်ကြောင်း ဆိုသည်။  

တရုတ်နိုင်ငံအနေဖြင့် ဂျာမနီ၊ဥရောပနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်းနှင့် လာမည့်တစ်ဆင့် အရေးကြီး ဆွေးနွေးမှုများ ပြုလုပ်သွားရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။တစ်ဖက်တွင် ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ရန်အပါအဝင် ကပ်ရောဂါကို အပြတ်အနိုင်တိုက်ခိုက်ရန် နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်မည်ဖြစ်သလို တစ်ဖက်တွင်လည်း နိုင်ငံတကာဘက်ပေါင်းစုံ ဇာတ်ခုံတွင် ဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော်ရန် အဆိုပြု၍ တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးမှုများကို ဆန့်ကျင်ကာ နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာ၏တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါဆွေးနွေးမှုတွင် လက်ရှိနိုင်ငံတကာအခြေအနေ၊ တရုတ်-ဂျာမနီပူးပေါင်းဆောင်ရွက်စသည့် ဘုံအလေးထား အရေးကိစ္စများကို ထဲထဲဝင်ဝင်ဆွေးနွေးကာ အမြင်သဘောထားခြင်းဖလှယ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.