Connect with us

Europe

မန်ချက်စတာယူနိုက်တက်က အေဂျက်ကစားသမား Van de Beek ကို လက်မှတ်ထိုးခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းနှင့် စာချုပ်ချုပ်ဆိုလိုက်သည့် အေဂျက်ကစားသမား ဗန်ဒီဘိစ်၏ ပန်းချီရုပ်ပုံအား တွေ့ရစဉ်(ဆင်ဟွာ)

သဟိတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းသည် အေဂျက်ဘောလုံးအသင်းမှ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိစ်(Donny van de Beek) အား လက်မှတ်ရေးထိုး ခေါ်ယူလိုက်ပြီဖြစ်ကြောင်း နှစ်ဖက်အသင်းက စက်တင်ဘာ ၂ ရက်တွင် ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ဒတ်ချ်လူမျိုးကစားသမား ဗန်ဒီဘိစ်သည် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ငါးနှစ်သက်တမ်းစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်း၏ အပြောင်းအရွှေ့ကြေးမှာ ယူရိုငွေ ၃၉ သန်း (အမေရိကန်ဒေါ်လာ ၄၆ သန်း )ရှိပြီး အမှန်တကယ်လက်မှတ်ရေးထိုးပြီးချိန်တွင် ယူရိုငွေ ၄၄ သန်းအထိ တိုးမြင့်ရောက်ဖွယ်ရှိကြောင်း သိရသည်။

နယ်သာလန်နိုင်ငံ အေဂျက်လူငယ်ဘောလုံးအကယ်ဒမီမှ မွေးထုတ်ပေးလိုက်သော ဗန်ဒီဘိစ်သည် ၂၀၁၅ ခုနှစ်တွင် ၎င်း၏ ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အေဂျက်အသင်းအတွက် တရားဝင်ပြိုင်ပွဲ စုစုပေါင်း ၁၇၅ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း နှင့် ၄၁ ဂိုးသွင်းပေးခဲ့ကြောင်း သိရသည်။

အေဂျက်အသင်းနှင့်အတူ ဗန်ဒီဘိစ်သည် နယ်သာလန်နိုင်ငံ Eredivisie ဘောလုံးပြိုင်ပွဲ နှင့် KNVB ဖလားတို့ကို ၂၀၁၉ ဘောလုံးရာသီတွင် ဆွတ်ခူးရရှိခဲ့ပြီး ယင်းနှစ် ဘောလုံးရာသီ ဥရောပဖလား(UEFA) ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ဗန်ဒီဘိစ်သည် နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားကြောင်းလည်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.