Connect with us

Europe

ချက် စစ်တပ်မှ IS စစ်သွေးကြွ အား တိုက်ခိုက်ရန် မြေပြင် တပ်ဖွဲ့ဝင် ၂၀၀ စေလွှတ်မည်

ချက် သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး မာတင် စရော့နစ်ကီ အား တွေ့မြင်ရစဉ် (ဓာတ်ပုံ-Wikipedia)

ပရာ့ဂ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ချက်သမ္မတ နိုင်ငံ၏ စစ်တပ်မှ ဆေးပညာ အရာရှိနှင့် ဓာတု ဆန့်ကျင်ရေး တပ်ဖွဲ့ဝင် ၂၀၀ အား ဆီးရီးယား (သို့) အီရတ်တွင် IS စစ်သွေးကြွ တပ်ဖွဲ့ကို မြေပြင် စစ်ဆင်ရေး ပြုလုပ်ရန် အတွက် စေလွှတ်မည် ဖြစ်ကြောင်း ချက် ကာကွယ်ရေး ဝန်ကြီး မာတင် စရော့နစ်ကီမှ ချက် တီဗီ အစီအစဉ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ နိုဝင်ဘာလ ၂၂ ရက်က ပြောကြား ခဲ့သည်။

စရော့နစ်ကီ မှ IS စစ်သွေးကြွ အဖွဲ့အား ဆန့်ကျင် တိုက်ခိုက်နေသည့် တပ်ဖွဲ့များအား ကောင်းမွန် ထိရောက်သည့် လက်နက်များနှင့် လေကြောင်း အကူများဖြင့် ပံ့ံပိုးပေးရန် လိုအပ်ကြောင်းနှင့် စေလွှတ်မည့် ချက်တပ်ဖွဲ့ဝင် အရေအတွက်သည် အကြမ်းအားဖြင့် ၁၀၀ မှ ၂၀၀ အတွင်း ရှိမည်ဟု ခန့်မှန်းကြောင်း ပြောကြားခဲ့သည်။

၎င်းမှ အရှေ့ အလယ်ပိုင်း ဒေသသို့ မြေပြင် တပ်ဖွဲ့ ဝင်ရောက်လာမှုများ တိုးပွားလာ နိုင်ကြောင်း၊ ထို့အပြင် မြေပြင် စစ်ဆင်ရေး အနေဖြင့် သာမန်ထက် ပိုသည့် အခက်အခဲများကို ကြုံတွေ့နိုင်ပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် စစ်သွေးကြွ ဂယက် ပိုမို ရိုက်ခတ် လာနိုင်ကာ ဥရောပ ၌ အကြမ်းဖက်ဖြစ်စဉ် များအား လှုံ့ဆော်ပေးသလို ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

ချက် ရုပ်မြင်သံကြား အစီအစဉ် အတွက် မီဒီယံ အေဂျင်စီ မှ နိုဝင်ဘာလ ၁၉ မှ ၂၀ ရက် အထိ စစ်တမ်းကောက်ယူမှု အရ IS စစ်သွေးကြွ တပ်ဖွဲ့အား တိုက်ခိုက်မှုတွင် ချက်၏ ပါဝင် ပတ်သက်မှုအား ချက်နိုင်ငံသား ဆယ်ယောက်တွင် ရှစ်ယောက်က အားပေး ထောက်ခံခဲ့ကြောင်း သိရသည်။
စစ်တမ်း ကောက်ယူမှု အရ ချက်သမ္မတ နိုင်ငံမှ မြေပြင်တပ်ဖွဲ့ စေလွှတ်ခြင်း အပေါ် ၂၈ ရာခိုင်နှုန်း ထောက်ခံကြပြီး ၁၃ ရာခိုင်နှုန်း သာလျှင် ထောက်ခံမှု မရှိကြောင်း သိရသည်။ (Xinhua)