Connect with us

Europe

ရုရှား တိုက်လေယာဉ် က Okhotsk ပင်လယ်ပေါ် တွင် ရုရှား နိုင်ငံ နယ်နိမိတ် သို့ ချဉ်းကပ်လာသော အမေရိကန် ဗုံးကြဲလေယာဉ် အား တားဆီး

ရုရှား နိုင်ငံ မှ ထုတ်လုပ်သည့် Su-35S တိုက်လေယာဉ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ တိုက်လေယာဉ် က သြဂုတ် ၇ ရက် ၌ Okhotsk ပင်လယ်ပေါ် တွင် ရုရှား နိုင်ငံ နယ်နိမိတ် သို့ ချဉ်းကပ်လာသော အမေရိကန် နိုင်ငံ ဗုံးကြဲ လေယာဉ် အား တားဆီး ခဲ့ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ရုရှား နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် သြဂုတ် ၇ ရက် တွင် ပစိဖိတ် သမုဒ္ဒရာ ကြားနေ ပင်လယ်ပြင် ပေါ် တွင် ရုရှား နိုင်ငံ နယ်နိမိတ် သို့ချဉ်းကပ် လာသည့် ပစ်မှတ် တစ်ခု ကို တွေ့ရှိခဲ့ရကြောင်း ၊ ရုရှား နိုင်ငံ အရှေ့ပိုင်း စစ်ဌာန အနေဖြင့် Su-35S တိုက်လေယာဉ် ၃ စင်းအား ချက်ချင်း စေလွှတ် ခဲ့ပြီး Okhotsk ပင်လယ်ပေါ် တွင် ပစ်မှတ် အား အတည်ပြုခြင်း နှင့် တားဆီးခြင်း အား ဆောင်ရွက်ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ နယ်နိမိတ် သို့ ချဉ်းကပ် လာသော ပစ်မှတ် မှာ အမေရိကန် စစ်တပ် ၏ B-1B အမျိုးအစား ဗုံးကြဲ လေယာဉ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

သတင်းဖော်ပြချက်များ အရ  ရုရှား နိုင်ငံ တိုက်လေယာဉ် အနေဖြင့် ပျံသန်းစဉ် အတွင်း နိုင်ငံတကာ လေပိုင်နက် ၌ အသုံးပြုသည့် သတ်မှတ်ချက်များ ကို လိုက်နာ ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရုရှား နိုင်ငံ တောင်ပိုင်း စစ်ဌာန အနေဖြင့်လည်း သြဂုတ် ၇ ရက်တွင် Su-27 တိုက်လေယာဉ် စေလွှတ်၍ ပင်လယ်နက်ပေါ် တွင် အမေရိကန် စစ်တပ် ၏ RC-135 မဟာဗျူဟာမြောက် ကင်းထောက်လေယာဉ် နှင့် P-8A ကင်းထောက်လေယာဉ် တို့အား တားဆီး ခဲ့ကြောင်း သတင်း ဖော်ပြချက်များ အရ သိရှိရသည်။

အမေရိကန် နိုင်ငံ ဦးဆောင်သော နေတိုး တပ်ဖွဲ့ သည် လတ်တလောရက်ပိုင်း အတွင်း ရုရှား နိုင်ငံ နယ်နိမိတ် အနီး တွင် ကောင်းထောက်မှုများ မကြာခဏ ဆောင်ရွက်လာခဲ့ပြီး ရုရှား နိုင်ငံ ကလည်း အမြဲ ခိုင်မာစွာ ကန့်ကွက် ခဲ့သည်။ ယခုလ ၅ ရက် ၌လည်း ရုရှား နိုင်ငံ တိုက်လေယာဉ် က ပင်လယ်နက် ပေါ် တွင် အမေရိကန် ကင်းထောက်လေယာဉ် နှစ်စင်း အား  တားဆီး ခဲ့ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.