Connect with us

Europe

ရုရှား တိုက်လေယာဉ် က ပင်လယ်နက် ပေါ် ဖြတ်ကျော် ပျံသန်းလာသည့် အမေရိကန် ကင်းထောက်လေယာဉ် များအား တားဆီး

ရုရှား နိုင်ငံ ၏ Su-27 တိုက်လေယာဉ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

မော်စကို ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ရုရှား တိုက်လေယာဉ် က သြဂုတ် ၅ ရက် တွင် ပင်လယ်နက် ပေါ် ဖြတ်ကျော်ပျံသန်းလာသော  အမေရိကန် ကင်းထောက်လေယာဉ် ၂ စင်း အား တားဆီး ခဲ့ကြောင်း သိရသည်။

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် တွင် ရုရှား အစိုးရ တပ်ဖွဲ့ အနေဖြင့် ပင်လယ်နက် ပေါ် တွင် ပစ်မှတ် နှစ်ခု သည် ရုရှား နိုင်ငံ နယ်နိမိတ် သို့ ချဉ်းကပ်လာသည် ကို သိရှိခဲ့ရကြောင်း ၊ ရုရှား နိုင်ငံတောင်ပိုင်း စစ်ဌာန အနေဖြင့် ချက်ချင်းဆိုသလို Su-27 တိုက်လေယာဉ် စေလွှတ်၍ ပစ်မှတ်အား ချဉ်းကပ် ဟန့်တား စေခဲ့ကြောင်း ၊ တိုက်လေယာဉ် အနေဖြင့် လုံခြုံသည့် အကွာအဝေး တွင် အတည်ပြုခြင်း နှင့် တားဆီးခြင်း ကို ဆောင်ရွက် ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ နယ်နိမိတ် အတွင်း သို့ ချဉ်းကပ်လာသည့် ပစ်မှတ် နှစ်ခု သည် အမေရိကန် နိုင်ငံ ၏ RC-135 ကင်းထောက်လေယာဉ် နှင့် P-8A ကင်းလှည့်လေယာဉ် တို့ ဖြစ်ကြကြောင်း ၊ ရုရှား တိုက်လေယာဉ်အနေဖြင့် နိုင်ငံတကာ လေပိုင်နက် ဥပဒေ သက်မှတ်ချက်အတိုင်း  လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရုရှား နိုင်ငံ သတင်း မီဒီယာ များ ၏ ဖော်ပြချက်အရ ယခု အကြိမ် တားဆီးမှု သည် ၈ ရက် တာကာလ အတွင်း ရုရှား နိုင်ငံ က ပင်လယ်နက် ပေါ် တွင် ၅ ကြိမ်မြောက် အမေရိကန် ကင်းထောက်လေယာဉ် အား တားဆီး ခဲ့ခြင်း ဖြစ်ကြောင်း ၊ သြဂုတ် ၄ ရက် တွင်လည်း ရုရှား နိုင်ငံ တိုက်လေယာဉ် က Barents ပင်လယ်ပေါ် တွင် နော်ဝေ နိုင်ငံ ကင်းထောက်လေယာဉ် အား တားဆီး ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဦးဆောင်သည့် နေတိုး တပ်ဖွဲ့ဝင် လေယာဉ်များသည် ရုရှား နိုင်ငံ နယ်နိမိတ် အနီး တွင် ကင်းထောက်မှုများ မကြာခဏ ဆောင်ရွက်လေ့ရှိပြီး ရုရှား နိုင်ငံ က ပြင်းထန်စွာ အစဉ်အမြဲ ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)