Europe
ကင်မရာ နှစ်လုံး ပါဝင်သည့် ဟွာဝေး P9 ဖုန်း ပိုလန် ဈေးကွက်၌ ပြသ

ဝါဆော၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ဟွာဝေး၏ ၂၀၁၆ ခုနှစ် မော်ဒယ် ကင်မရာ နှစ်လုံးပါဝင်သည့် စမတ်ဖုန်း P9 အား ဧပြီလ ၂၆ ရက်က ပိုလန် နိုင်ငံတွင် ပွဲဦးထွက် ပြသခဲ့သည်။
ဟွာဝေး P9 ဖုန်းတွင် ဂျာမနီနိုင်ငံ Leica ကင်မရာ ကုမ္ပဏီနှင့် ဟွာဝေးတို့ ပူးပေါင်းကာ “Hybrid Focus” နည်း ပညာသုံး ကင်မရာ တပ်ဆင်ထားပြီး Laser, depth နှင့် contrast စသည့် measurement သုံးမျိုး ပါဝင်ကာ ဓာတ်ပုံ ရိုက်သည့်အခါ အကောင်းဆုံး ပုံတစ်ပုံအား အလိုအလျောက် မှတ်တမ်း တင်ပေးမည် ဖြစ်သည်။
ပိုလန် နိုင်ငံရှိ ဟွာဝေး ကုမ္ပဏီ၏ Consumer Business Group ၏ ညွှန်ကြားရေးမှူး ဒဲရစ် ယုက “ဒီဖုန်းမှာ ဓာတ်ပုံတွေရဲ့ ပြိုင်ဘက်ကင်း အသေးစိတ် အချက်အလက်တွေနဲ့ စစ်မှန်မှု တွေကို တစ်ပြိုင်ထဲ ခံစား ရရှိစေမှာပါ” ဟု ဟွာဝေး P9 ဖုန်း ပွဲဦးထွက် ပြသခြင်း၌ ပြောကြားခဲ့သည်။ (Xinhua)