Connect with us

Europe

Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်း၏ ပထမဆုံး လွှတ်တင်မှုအား ရုရှားသမ္မတ ကြိုဆို

ရုရှားနိုင်ငံရှိ Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရုရှား၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာ ပူတင် က Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်း၏ ပထမဆုံး အာကာသ ဒုံးပျံယာဉ် လွှတ်တင်မှုသည် အာကာသဆိုင်ရာ ဖွံ့ဖြိုးမှု၏ သိသာ ထင်ရှားသည့် ခြေလှမ်း တစ်ခုဖြစ်ကြောင်း ဧပြီလ ၂၈ ရက်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် Soyuz-2.1a အမည်ရှိ အာကာသ ဒုံးပျံယာဉ်အား အသစ်ေ ဆာက်လုပ်ထားသည့် Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်း မှ ဧပြီလ ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၅း၀၁ နာရီတွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ Soyuz-2.1a ဒုံးပျံယာဉ် သည် Lomonosov၊ Aist-2D၊ Samsat-218 အမည်ရှိ ဂြိုလ်တုငယ် သုံးခုအား သယ်ဆောင်သွားကြောင်း သိရသည်။
ရုရှားသမ္မတ က ရုရှားအာကာသ အေဂျင်စီ နှင့် Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်း တည်ဆောက်သူများ အား ပထမဆုံး အာကာသ ဒုံးပျံယာဉ် လွှတ်တင်မှုနှင့် ပတ်သက်၍ ချီးကျူးဂုဏ်ပြု စကား ပြောကြားခဲ့သည်။
Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်းအား စတုရန်း ကီလိုမီတာ ၇၀၀ ကျယ်ပြန့်သည့် ဧရိယာ ပေါ်တွင် ၂၀၁၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ပြည်တွင်း အာကာသ လွှတ်တင်ရေး အတွက် ပထမဆုံး အမျိုးသား အာကာသ စခန်းဖြစ်ပြီး ကာဇက်စတန် နိုင်ငံရှိ Baikonur အာကာသ စင်တာ အပေါ် ရုရှားနိုင်ငံ၏ မှီခိုနေမှုအားလျှော့ချနိုင်ရန် နှင့် ရုရှားနိုင်ငံ အနေဖြင့် အာကာသ ဆိုင်ရာ လုပ်ငန်းများအား အပြည့်အဝ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.