ဝဲလ်လင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းရှိ Pigeon Valley အနီးတွင် ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီဝန်းကျင်က တောမီးငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း နယ်လ်ဆင်တက်စ်မန်း (Nelson Tasman) ပြည်သူ့ကာကွယ်ရေးလုပ်ငန်းအုပ်စု၏ ပြောကြားချက်အရ သိရသည်။
မြူးနစ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ၂၁ ရာစုတွင် အကျပ်အတည်းများကို နိုင်ငံအသီးသီးက လက်တွဲဖြေရှင်းသင့်ကြောင်း၊ ကိုလိုနီခေတ်၊စစ်အေးခေတ်အတွေးအခေါ်များ လက်ကိုင်မထားရှိသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဖေဖော်ဝါရီ ၁၆ ရက် မြူးနစ်လုံခြုံရေးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ၅ ထပ်အဆောက်အဦတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ခေါင်မိုးနှင့်ကြမ်းခင်းအစိတ်အပိုင်းအချို့ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) IS စစ်သွေးကြွအုပ်စုအား ငွေကြေးထောက်ပံ့နေသည့် အမျိုးသမီးတစ်ဦးအား ရုရှားအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ နှင့် ဖယ်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) က ဖေဖော်ဝါရီ ၁၅ရက်တွင်ပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း Sakha ပြည်နယ် Udachnaya စိန်တွင်း ၌ အသည်းပုံ စိန်ရိုင်းတုံး တစ်တုံး တူးဖော်တွေ့ရှိခဲ့ကြောင်း ရုရှားနိုင်ငံထိပ်တန်းစိန်တူးဖော်ရေးကုမ္ပဏီ Alrosa က ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) လန်ဒန်မြို့တွင် ေဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းက လမ်းမပေါ်၌ ဖြစ်ပွားသည့် ရန်ပွဲတစ်ခုအတွင်း အက်ဆစ်ဖြင့်ပက်ခံရခြင်းကြောင့် အမျိုးသား နှစ်ဦး မျက်နှာထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံ နိုင်ငံ လေကြောင်း သွားလာရေး စီမံခန့်ခွဲမှု အား တာဝန်ယူထားသည့် Skeyes ကုမ္ပဏီ က ဖေဖော်ဝါရီ ၁၃ ရက် တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှုကြောင့် လေဆိပ်အရေးပါသည့် ဝန်ထမ်းများ ပျက်ကွက်မှု...
မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့အစည်း Roskomnadzor က Twitter နှင့် Facebook တို့အနေဖြင့် ရုရှားမှ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ (database) များကို ရုရှားနိုင်ငံသို့ ရွှေ့ပြောင်းရန်တောင်းဆိုမှုကို ငြင်းဆန်ပါက အပြစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ရက်က ပြောကြားခဲ့သည်။
ပါရီ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နှင့် ဥရောပရေးရာ ဝန်ကြီး Nathalie Loiseaတို့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပါရီမြို့၌ သီးခြားစီ တွေဆုံခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ယင်းနေ့တွင် ထုတ်ပြန်သည့်သတင်းပြန်တမ်း...
အော့တဝါ၊ ဖေဖော်ဝါ ၁၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီး ဂျိုဒီ ဝီလ်စင်-ရေးဘိုးလ် (Jody Wilson-Raybould) သည် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း ၎င်း၏ တွစ်တာအကောင့်တွင် ရေးသားထားခဲ့သည်။