အန်ကာရာ ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအား သေနတ်ပစ်ခတ်တိုက်ခိုက်သူဟု သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးရမိပြီး တိုက်ခိုက်ရာတွင် အသုံးပြုသည့် သေနတ်နှင့်မော်တော်ယာဉ်ကိုလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း အန်ကာရာ ပြည်နယ် အစိုးရက သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပဲရစ်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်အနီးရှိ Aubervilliersမြို့တွင် သြဂုတ် ၁၉ ရက် ညပိုင်းက မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများအနက် ကလေးငယ် ၅ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ...
မက်ဒရစ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ အရှေ့မြောက်ဒေသ ကက်တလိုနီးယားရှိ ရဲစခန်းတစ်ခုအား ဓားကိုင်ထားသော အမျိုးသားတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းအမျိုးသားကို အခင်းဖြစ်ရာနေရာ၌ပင် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)
မက္ကဆီကို စီးတီး၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ရှာဖွေနေသော ဆာလ်ဗေးဒေါနိုင်ငံသား ဝရမ်းပြေးတစ်ဦးအား မက္ကဆီကိုနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း National Migration Institute (INM) က သြဂုတ်လ၂၉ ရက်က ပြောကြားလိုက်သည်။
ရောမ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်း Genoa ရှိ ယာဉ်သွားလမ်းကုန်းတံတားကျိုးကျမှုတွင် ပိတ်မိနေသူများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းမှာ သြဂုတ် ၁၉ ရက်တွင် အဆုံးသတ်ပြီဖြစ်ရာ သေဆုံးသူ ၄၃ ဦးရှိသည်ဟု နောက်ဆုံး အတည်ပြုခဲ့ကြောင်း သိရသည်။
အန်ကာရာ ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) တူရကီနိုင်ငံရှိ အမေရိကန်သံရုံး၌ ယနေ့သြဂုတ် ၂ဝ ရက် နံနက်ပိုင်းတွင် အမည်မသိ သေနတ်သမားတစ်ဦးက အကြိမ်ပေါင်းများစွာ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူ (သို့မဟုတ်) ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရသေးကြောင်း ဒေသမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။(Xinhua)
ရောမ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်း Palata မြို့ တွင် သြဂုတ် ၁၆ ရက် ညနေပိုင်းက အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ဂျီနိုအာ ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) တံတားကျိုးကျရာနေရာဖြစ်သည့် Liguria ဒေသတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ချောမွေ့စွာလုပ်ဆောင်နိုင်ရန် ၁၂ လကြာ အရေးပေါ်အခြေအနေအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အီတလီ အစိုးရက သြဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။
ပဲရစ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်း Genoa ဒေသရှိ Morandi တံတားကျိုးကျမှုတွင် သေဆုံးသူ ပြင်သစ် နိုင်ငံသား ၄ ဦး ရှိသည်ဟု ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်တွင် အတည်ပြု ခဲ့ကြောင်းသိရသည်။
ဂျီနီဗာ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) မကြာသေးမီက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါပိုးဖြစ်ပွားသည့်နေရာများကို သွားရောက်လေ့လာခဲ့ရာ ယင်းဒေသ၏ ရောဂါထိန်းချုပ်ကာကွယ်သည့် အခြေအနေကို ပို၍ စိုးရိမ်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr.Tedrosက သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားရာ နေရာများတွင် လုံခြုံရေးအခြေအနေတင်းမာနေဆဲဖြစ်ရာ ကူညီ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို...