Connect with us

Europe

ပြင်သစ်နိုင်ငံ က Google ကုမ္ပဏီ အား ယူရိုငွေ သန်း ၂၂၀ ဒဏ်ရိုက်

ပဲရစ် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ဈေးကွက်ပြိုင်ဆိုင်မှုကိစ္စရပ်များ ကြီးကြပ်ရေးဌာန က ဇွန်လ ၇ ရက်၌ သတင်းထုတ်ပြန်ချက် ပြုလုပ်ရာတွင် အင်တာနက် ကြော်ငြာဈေးကွက် အလွဲသုံးစားပြုလုပ်မှုဖြင့် အမေရိကန်နိုင်ငံ Google ကုမ္ပဏီ အား ဒဏ်ကြေး ယူရိုငွေ သန်း ၂၂၀ ပေးဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။သတင်းထုတ်ပြန်ချက်တွင် ကြီးကြပ်ရေးဌာနအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုသို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၊ Google အနေဖြင့် မိမိ၏ အွန်လိုင်း ကြော်ငြာဝန်ဆောင်မှု အတွက် ပြိုင်ဆိုင်မှု အားသက်ချက်ရရှိအောင် ဆောင်ရွက်ခဲ့သောကြောင့် ပြိုင်ဘက်များနှင့် ကြော်ငြာဖြန့်ဝေသည့် ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ရာ Google ၏ သက်ဆိုင်ရာ ဆောင်ရွက်မှုများသည် လွန်စွားဆိုးရွားသည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင်ထုတ်ပြန်ချက်တွင် Google ကုမ္ပဏီ အနေဖြင့် ယခုဒဏ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့် ကန့်ကွက်မှုတစ်စုံတစ်ရာမျှမရှိဘဲ ပြောင်းလဲမှုပြုလုပ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း ၊ အင်တာနက် ကြော်ငြာ ပလက်ဖောင်း လည်ပတ်မှုပုံစံအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လည်း ကတိပြုခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

Google ကုမ္ပဏီ က ဇွန်လ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် လာမည့်လအနည်းငယ်အတွင်း ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာ စမ်းသပ်မှု နှင့် ချိန်ညှိမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသအသီးသီးရှိ ကြီးကြပ်မှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကုန်ပစ္စည်းအသစ် နှင့် နည်းပညာအသစ်များအပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမည်ဖြစ်ပြီး ဈေးကွက်ဝင်ရောက်သည့် လုပ်ငန်းကုမ္ပဏီများအသုံးပြုသည့် ပလက်ဖောင်းအတွက် ပိုမိုများပြားသော ရွေးချယ်မှုရရှိအောင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

News Corporation ၊ ပြင်သစ် Le Figaroနှင့် ဘယ်လ်ဂျီယံ အခြေစိုက် ရိုစ့်ဆဲလီ အုပ်စု တို့သည် ၂၀၁၉ ခုနှစ်က ဈေးကွက်ကြီးကြပ်ရေးဌာနသို့ တိုင်ကြားချက်တစ်ခုပြုလုပ်ခဲ့ပြီး Google ကုမ္ပဏီ ၏ မမှန်ကန်သော ပြိုင်ဆိုင်မှုဆောင်ရွက်ချက်ကြောင့် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရသည်ကို ထည့်သွင်းတိုင်ကြားထားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြင်သစ် Le Figaro က တိုင်ကြားမှုကို ပြန်လည်ရှုပ်သိမ်းလိုက်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(财经)法国对谷歌开出2.2亿欧元罚单

新华社巴黎6月7日电(记者陈晨)法国竞争事务监察总署7日发表新闻公报说,因美国谷歌公司滥用在互联网广告市场的主导地位,该机构决定对其罚款2.2亿欧元。

公报说,监察总署经调查后认定,谷歌为自己的在线广告交易服务提供了竞争优势,损害了竞争对手和广告发布商的利益,谷歌有关做法性质“十分严重”。

公报还说,谷歌对这一罚款决定没有提出异议,并已承诺做出调整,包括改善互联网广告平台运作方式等。
谷歌当天发表声明说,未来几个月,公司将进行相关测试和调整,并致力于与各地区监管机构合作,投资新的产品和技术,为发布商使用其平台提供更多选择。

新闻集团、法国《费加罗报》和比利时罗塞尔集团2019年向监察总署提起控诉,称谷歌的不正当竞争行为令其蒙受损失。2020年11月,《费加罗报》撤销控诉。(完)

Photo
2014年10月29日在波黑泽尼察拍摄的资料照片显示,一名手持笔记本电脑的男子站在谷歌公司标识前。(新华社/路透)