Europe
Rakuten ကို အသင်း၏ အဓိက စပွန်ဆာအမှတ်တံဆိပ် အဖြစ် ဘာစီလိုနာကြေညာ

ဘာစီလိုနာ ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)
စပိန်နိုင်ငံ၏ ထိပ်သီးဘောလုံးအသင်းဖြစ်သော ဘာစီလိုနာအသင်းသည် ဂျပန်နိုင်ငံ မှ လျှပ်စစ်အသုံးအဆောင်များ ၊ စီးပွားရေး နှင့် အင်တာနက် ကုမ္ပဏီ တစ်ခုဖြစ်သော Rakuten ကို ကလပ်အသင်း၏ အဓိက စပွန်ဆာအမှတ်တံဆိပ်ကုမ္ပဏီ အဖြစ် ၂ဝ၁၇ ခုနှစ် ဇူလိုင်လ မှ ၂ဝ၂၁ ခုနှစ် ဇွန်လ အထိ လေးနှစ်ကြာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။ အဆိုပါ ဘောလုံးအသင်းသို့ပေးအပ်သော စပွန်ဆာ တန်ဖိုးမှာ တစ်နှစ်လျှင် ယူရိုငွေ သန်း ၆ဝ ( အမေရိကန်ဒေါ်လာ ၆၆ သန်း) ရှိကြောင်း ၊ သို့သော် စပွန်ဆာ တန်ဖိုးငွေကို နှစ်စဉ် တိုးမြှင့်ပြောင်းလဲဖွယ် ရှိကြောင်း သိရသည်။
Rakuten အွန်လိုင်းစတိုးကို လက်ရှိတွင် ဝင်ရောက်အသုံးပြုနေသူပေါင်း ၇၅ သန်းခန့်ရှိကြောင်း နှင့် ၂ဝ၁၆ ခုနှစ်တွင် ၎င်းတို့ကုမ္ပဏီသည် ဥရောပဈေးကွက်အထိ တိုးချဲ့ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် လွန်ခဲ့သော လေးနှစ်တာက အဓိက စပွန်ဆာပေးထားသော ကာတာလေကြောင်းလိုင်း အမှတ်တံဆိပ်နေရာတွင် Rakuten ကိုအစားထိုးအသုံးပြုသွားမည်ဖြစ်သည်။ (Xinhua)