Connect with us

Europe

ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများ တွင် အကျိုးအမြတ် ရရှိနိုင်မှု စွမ်းရည်များ အားနည်းနေ

ဖရန့်ဖွတ် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ဥရောပ ဗဟိုဘဏ် အလုပ်အမှုဆောင် ကော်မတီ ၊ ဥရောပဗဟိုဘဏ် ဘဏ်လုပ်ငန်း ကြီးကြပ်စီမံရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Lautenschlaeger က ၂၀၀၈ ခုနှစ်မှ စတင်၍ ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများသည် ဆုံးရှုံးနိုင်ခြေ တားဆီးကာကွယ်နိုင်မှု စွမ်းရည်ပိုင်းတွင် တိုးတက်မှုများ ရှိခဲ့သော်လည်း လက်ရှိချိန်တွင် ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများအတွက် လိုအပ်နေသည်မှာ တည်ငြိမ်မှု မဟုတ်ဘဲ အကျိုးအမြတ် ရရှိနိုင်မှု စွမ်းရည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြောကြား ခဲ့သည်။

Lautenschlaeger က ၁၉ ကြိမ်မြောက် ဖရန့်ဖွတ် ယူရိုငွေကြေး သီတင်းပတ် ပွဲအား တက်ရောက်စဉ်တွင် ငွေကြေးဆိုင်ရာ Negative Interest Rate Policy(NIRP) မူဝါဒ များကြောင့် ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများ အနေဖြင့် အကျိုးအမြတ်ရရှိနိုင်မှု စွမ်းရည်ပိုင်းတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း ၊ အကျိုးအမြတ် ရာခိုင်နှုန်းနည်းပါခြင်းသည် ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှု ဖြစ်ပြီး ယခုနှစ်အစပိုင်း မှ စတင်၍ ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများ၏ ရှယ်ရာများသည် ပျမ်းမျှအားဖြင့် ၂၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း ၊ သို့သော်လည်း အကျိုးအမြတ် နည်းပါးမှုနှုန်း ကိုလည်း အလုံးစုံ မျက်ကွယ်မပြုသင့်ကြောင်း ၊ ဥပမာ အားဖြင့် ဘဏ်လုပ်ငန်း ချေးငွေဆိုင်ရာ အရင်းအနှီး လျှော့ချခြင်းဖြင့် စီးပွားရေးကို နိုးကြားစေပြီး ဘဏ်လုပ်ငန်းများသည် ထိုအတွင်းမှ အကျိုးအမြတ် ရရှိစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Lautenschlaeger က အကျိုးအမြတ် နည်းပါခြင်း အပြင် ဥရောပတိုက်ရှိ ဘဏ်များသည် လုပ်ငန်းကြီးများ၏ ကြီးမားသည့် ရင်းနှီးမှုဖြင့် နည်းပါသည့်အကျိုးအမြတ်ရရှိခြင်း ၊ မကောင်းမွန်သည့်ချေးငွေများကြောင့် လုပ်ငန်းကြွေးမြီဖိအားခံရခြင်း ၊ ငွေကြေးကောက်ခံမှု လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲများ တိုးပွားလာခြင်း ၊ ငွေကြေးဆိုင်ရာနည်းပညာ ကုမ္ပဏီ များကြောင့် ရိုးရာဘဏ်လုပ်ငန်းများအား စိန်ခေါ်မှုများ ပိုမို ရင်ဆိုင်စေရခြင်း စသည့် စိန်ခေါ်မှု များနှင့်လည်း ရင်ဆိုင်နေရကြောင်း ၊ ဥရောပ ဗဟိုဘဏ် ဘဏ်လုပ်ငန်း ကြည့်ကြပ်စီမံရေး ကော်မတီ အနေဖြင့် ဘဏ်လုပ်ငန်း စီမံဆောင်ရွက်မှု ပုံစံကို အနီးကပ် လေ့လာစောင့်ကြည့်မှုများ ဆောင်ရွက်သည့်အပြင် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကိုလည်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိချိန်တွင် ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများ၏ မကောင်းမွန်သည့် ချေးငွေ အခြေအနေ များကို အထူး အလေးထား ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.