Europe
ပြင်သစ် နိုင်ငံ Rouen မြို့ရှိ ဘားဆိုင်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားပြီး ၁၃ ဦးသေဆုံး

ပဲရစ် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)
ပြင်သစ် နိုင်ငံ မြောက်ပိုင်း Rouen မြို့ရှိ ဘားဆိုင်တစ်ခု တွင် သြဂုတ်လ ၅ ရက်ည မှ ၆ ရက်နေ့ နံနက် ပိုင်း အထိ မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး လူ ၁၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
Paris-Normandie သတင်းဌာန ၏ ဖော်ပြချက်အရ မီးလောင်မှု ဖြစ်ပွားချိန်တွင် ဘားဆိုင်၌ မွေးနေ့ပွဲ တစ်ခု ကျင်းပ နေပြီး ဒေသ စံတော်ချိန် နံနက် ၀ နာရီ ၅၀ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။
သတင်းဖော်ပြချက်အရ သေဆုံးသူ အများစုမှာ လူငယ်များဖြစ်ကြပြီး အသက် ၁၈ နှစ် မှ ၂၅ နှစ် အတွင်း ဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင် မီးလောင်မှု ဖြစ်ပွားသည့် အကြောင်းအရင်းအား မသိရှိရသေးကြောင်း ဖော်ပြ ခဲ့သည်။(Xinhua)