Europe
ရုရှားနိုင်ငံ အရှေ့ဖျား Sakhalin ဒေသတွင် ငလျင် နှစ်ကြိမ်လှုပ်

ဗလာဒီဗော့စ်တော့၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Sakhalin ဒေသရှိ Yuzhno-Kurilsk ခရိုင်တွင် ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု သတင်းများမရှိသေးကြောင်း အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာန ဒေသခံဌာနခွဲက ပြောကြားလိုက်သည်။
ပထမဆုံး ငလျင်မှာ ပြင်းအား ၅.၄ ရှိပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂း၀၄ နာရီ၌ Yuzhno-Kurilsk ခရိုင် အနောက်မြောက်ဘက် မြေအောက် ၂၆ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ ငလျင်လှုပ်ပြီး ၁၀ မိနစ်ခန့်အကြာတွင် မြေအောက် ၄၃ ကီလိုမီတာအနက်အား ဗဟိုပြု၍ ပြင်းအား ၄.၁ ပမာဏရှိသော နောက်ထပ် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)