Connect with us

Europe

ဂရိတွင် အင်အား ၆.၄ပမာဏရှိ ငလျင်လှုပ်ခတ်၊ သေဆုံးသူမရှိ

ငလျင်တိုင်းတာမှုပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အေသင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ အနောက်ပိုင်း တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၄ ပမာဏရှိ အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ယခုအချိန်အထိ သေဆုံးသူမရှိသေးကြောင်း ဂရိနိုင်ငံ ငလျင်ပညာရှင်များကပြောကြားခဲ့သည်။

ငလျင်သည် Ionina ပင်လယ် အတွင်း Zakynthos ကျွန်း အနောက်တောင်ဘက် ၅၃ကီလိုမီတာခန့် ရှိ ပင်လယ်ရေပြင်အောက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အေသင်မြို့ Geodynamic ဌာန၏ ကနဦးခန့်မှန်းချက်များအရ သိရသည်။

အာဏာပိုင်များထံ သေဆုံးသူ သတင်းများ မရောက်ရှိလာသေးသော်လည်း အဆိုပါ ကျွန်းတွင် လျပ်စစ်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဂရိနိုင်ငံ အမျိုးသားသတင်းဌာန AMNA ၏ဖော်ပြချက်အရ သိရသည်။

ဒေသစံတော်ချိန် နံနက် ၁း၅၃နာရီတွင် ယင်းငလျင်လှုပ်ခတ်ပြီးနောက် အင်အား ၅.၄ပမာဏရှိ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.