Connect with us

Europe

အိုင်ယာလန်နိုင်ငံ သမ္မတအဖြစ် Higgins ပြန်လည်ရွေးကောက်ခံရ

အိုင်ယာလန်နိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် Michael D. Higgins အား တွေ့ရစဉ် (ဆင်ဟွာ)

ဒပ်ဘလင်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

အိုင်ယာလန်နိုင်ငံ၌ ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် Michael D. Higgins သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း သမ္မတ ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲရုံး ရွေးကောက်ပွဲတာဝန်ခံ Barry Ryan က အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် ပြောကြားလိုက်သည်။

Higgins သည် အောက်တိုဘာလ ၂၆ ရက်နေ့ ရွေးကောက်ပွဲ မဲဆန္ဒရှင်များ၏ ထောက်ခံနှုန်းသည် ၅၅.၈ ရာခိုင်နှုန်းစွန်းစွန်းရှိခဲ့ပြီး အခြားသော ကိုယ်စားလှယ်လောက် ၅ ဦး၏ အထက်တွင် ရှိကြောင်း ရွေးကောက်ပွဲတာဝန်ခံ၏ ကြေညာချက်အရ သိရသည်။မဲရလဒ်များအား အောက်တိုဘာလ ၂၇ ရက်တွင် ကြေညာခဲ့ပြီး အခြေခံအားဖြင့် အများပြည်သူများ မျှော်လင့်ထားသည်နှင့်အညီ ဖြစ်ခဲ့သည်။ Higgins သည် ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်အတွက် အဓိကနိုင်ငံရေးပါတီကြီး သုံးခုဖြစ်သော လက်ရှိ အနိုင်ရပါတီ Fine Gael ၊ အိုင်ယာလန်တွင် ဒုတိယအကြီးဆုံးပါတီ Finna Fail နှင့် Labor Party တို့၏ ထောက်ခံမှုကို ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

အိုင်ယာလန်နိုင်ငံတွင် အသစ်ရွေးကောက်ခံရသော သမ္မတသည် လက်ရှိသမ္မတ သက်တမ်းကုန်ဆုံးသွားပြီး တစ်ရက်အကြာ၌ ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။Higgins သည် အိုင်ယာလန်နိုင်ငံ သမ္မတအဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၎င်းသည် အိုင်ယာလန်နိုင်ငံတွင် ကိုးဦးမြောက် သမ္မတဖြစ်သလို ဒုတိယသက်တမ်း အတွက် ပြန်လည်ရွေးကောက်ခံရသည့် သမ္မတတစ်ဦးလည်းဖြစ်သည်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သော Higgins သည် အိုင်ယာလန်နိုင်ငံတွင် နာမည်ကျော် ကဗျာဆရာနှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ၎င်းသည် ဆယ်စုနှစ်ကြာ နိုင်ငံရေးသက်တမ်းတွင် Labor Party ဥက္ကဋ္ဌနှင့် အနုပညာနှင့် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများအတွင်း အချို့ ကိုယ်စားလှယ်လောင်းများက Higgins အနေဖြင့် တာဝန်ထမ်းဆောင်ရန် အသက်အရွယ်အားဖြင့် အလွန်ကြီးနေပြီဖြစ်ကြောင်း စိန်ခေါ်မှုများ ရှိခဲ့သည်။ သို့သော် Higgins က လူတစ်ယောက်ကို သိမြင်တတ်သော စွမ်းရည်ပေါ်တွင်မူတည်ပြီး အသက်အရွယ်အားဖြင့် ဆုံးဖြတ်၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)