Connect with us

Europe

ရုရှား နိုင်ငံ Su 24 တိုက်လေယာဉ် ၏ Blackbox ကို ပြန်လည် တွေ့ရှိနိုင်ခဲ့သဖြင့် အဖြေမှန် များ သိရှိတော့မည်

ရုရှား နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း တာဝန် ထန်းဆောင် နေသော Su 24 တိုက်လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

အပြည်ပြည် ဆိုင်ရာ သတင်းထုတ်ပြန်ချက်များအရ တူရကီ နိုင်ငံ မှ ပစ်ချခဲ့သည့် ရုရှား နိုင်ငံ မှ Su 24 တိုက်လေယာဉ်၏ Blackbox ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိခဲ့ရသည်။

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှရုရှား နိုင်ငံ သမ္မတ ထံသို့ သတင်းပို့ခဲ့ရာတွင် ရုရှား နိုင်ငံ Su 24 ပျက်ကျ ခဲ့သည့် တည်နေရာပတ်ဝန်းကျင်တွင် ၎င်းလေယာဉ်၏ Blackbox ကို ရှာဖွေ့တွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း နှင့် ယင်း Blackbox အား ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာမှ တစ်ဆင့် လွှဲပြောင်းပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် မှ ရုရှား နိုင်ငံ အနေဖြင့် အသေးစိတ် အချက်အလက် များကို သိရှိရန် လိုအပ် ပြီး Su 24 ပျံသန်းစဉ် အတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ်မှန်အား လူအများသိရှိရန် ချပြဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ထို့ပြင် blackbox မှ တစ်ဆင့် လေယာဉ် အရှိန် ၊ အမြင့်တည်နေရာ အထူးသဖြင့် ပစ်ချပျက်ကျခဲ့သည့် တည်နေရာများအား ကြားနေနိုင်ငံ တစ်နိုင်ငံ မှ ပညာရှင်များမှ ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ကို အထူးပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ မှ Su 24 တိုက်လေယာဉ် သည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဆီးရီးယား နှင့် တူရကီ နိုင်ငံ နယ်စပ် တွင် တူရကီ နိုင်ငံ ၏ F-16 တိုက်လေယာဉ်၏ ပစ်ခတ်မှု ကြောင့် ပျက်ကျ သွားခဲ့ရခြင်း ဖြစ်ပြီး ထိုနောက်ပိုင်းတွင် အငြင်းပွားမှု နှင့် နှစ်နိုင်ငံ ဆက်ဆံရေး မပြေလည်မှု များဖြစ်ပွားခဲ့ကြသည်။ ထို့ပြင် ရုရှား နိုင်ငံ သမ္မတ ပူတင် မှလည်း သမ္မတ အမိန့်ဖြင့် တူရကီ နိုင်ငံ အားအရေးယူ ပိတ်ဆို့မှု များ ဆောင်ရွက်ခဲ့သည်။ (Xinhua)