Connect with us

Europe

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဗော်ရန်နက်ဇ် ဒေသရှိ စိတ်ကျန်းမာရေး ဆေးရုံ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံး

ရုရှားနိုင်ငံ စိတ်ကျန်းမာရေး ဆေးရုံ မီးလောင်မှုအား မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ- TACC)

မော်စကို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက် တောင်ပိုင်း ဗော်ရန်နက်ဇ် ဒေသရှိ စိတ်ကျန်းမာရေး ဆေးရုံ တစ်ခုတွင် ဒီဇင်ဘာလ ၁၃ ရက်က မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ရုရှား အရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီးဌာန၏ ဒေသဆိုင်ရာ စင်တာ သတင်းရင်းမြစ်ကို ကိုးကား၍ ပြည်တွင်း သတင်းမီဒီယာက ဖော်ပြထား သည်။

“သေဆုံးသူ ၁၉ ဦးရဲ့ ခန္ဓာကိုယ်တွေကို မီးလောင်တဲ့နေရာမှာပဲ ရှာတွေ့ခဲ့တယ်၊ တခြားနှစ်ယောက်ကတော့ ဆေးရုံမှာပဲ ဆုံးသွားခဲ့တယ်၊ နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲပဲ” ဟု အဆိုပါ သတင်းရင်းမြစ်က RIA Novosti သို့ ပြောသည်။

မီးလောင်ကျွမ်းနေသော အဆောက်အအုံထဲမှ လူ ၅၅ ဦးကို ကယ်ထုတ် နိုင်ခဲ့ကြောင်း နှင့် ယင်းအထဲမှ ၂၂ ဦးမှာ မီးလောင် ဒဏ်ရာများကြောင့် ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ရသည်ဟု အမည်မဖော်လိုသူ ဥပဒေအရာရှိ ပြောစကားအား ကိုးကား၍ TACC သတင်းအေဂျင်စီက ပြောသည်။

သေဆုံးခဲ့ရသူများမှာ နာတာရှည်ရောဂါသည်များနှင့် ဆေးပြင်း သုံးစွဲနေရသူများ ဖြစ်ကြောင်း TASS သတင်း အေဂျင်စီက ထပ်လောင်း ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းအား မသိရသေးသော်လည်း ပမာဏ စုံစမ်းထောက်လှမ်းနေမှုများ လုပ်ဆောင်နေကြာင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ကြေညာထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117