Connect with us

Europe

လန်ဒန်တွင် စန်တာကလော့စ် အပြေးပြိုင်ပွဲအား ပြည်သူများနှင့်အတူ မသန်စွမ်းသူများလည်း ပါဝင်ခဲ့

ဟန်ဂေရီနိုင်ငံတွင် စန်တာကလော့စ် အပြေးပြိုင်ပွဲအား ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ခရစ္စမတ်၏ ပြယုဂ်ဖြစ်သော စန်တာကလော့စ် အပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၅ ရက်က လန်ဒန်မြို့ Battersea ပန်းခြံမှာ ပြန်လည် ကျင်းပခဲ့ကြောင်း သိရသည်။

ပါဝင်သူပေါင်း ၁,၅၀၀ ကျော်သည် စန်တာကလော့စ် ဝတ်စုံများ ဝတ်ဆင်ထားကြသလို အဆိုပါ အပြေးပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ လူမှု အသိုက်အဝန်း အားလုံးကို စုစည်း ညီညွတ်မှု ရှိစေချင်သလို မသန်စွမ်းသူများ အပေါ် ပြည်သူများ အသိအမြင် ပွင့်လင်းမှု တိုးမြင့်လာစေရန် အတွက် ဖြစ်ပါသည်။

ပြည်သူများနှင့်အတူ မသန်စွမ်းသူများ၊ အသိဉာဏ် ချို့ယွင်းသူများ၊ မျက်မမြင်များ၊ Down’s syndrome နှင့် အော်တီစင် များလည်း အဆိုပါ ပြေးပွဲသို့ ပါဝင်ခဲ့ကြသည်။ ထိုပြေးပွဲသည် မိမိကိုယ်ကို ယုံကြည်မှု တိုးမြှင့်လာ စေရန် အတွက်သာ မဟုတ်ဘဲ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးမှု ပုံသဏ္ဍာန်အား ဖော်ဆောင်ပေးရာတွင် အထောက်အပံ့ ရစေရန် အတွက် ဖြစ်သည်။

စန်တာ အပြေးပြိုင်ပွဲအား စီစဉ်သူ မိုက် ဂရက်တွန်က “အပြေးပြိုင်ပွဲမှာ ပါဝင်ခြင်းဟာ လူအားလုံး အတွက် ကောင်းပါတယ်၊ ဘာလို့လဲဆိုရင် အဲဒီအထဲမှာ ပုံမှန် ပြေးသူတွေ၊ ခုမှ စပြီး ပြေးမဲ့သူတွေ၊ မသန်စွမ်းသူတွေ အားလုံးဟာ ဒီနေရာမှ ပါဝင်နေကြတယ်၊ ဒါ့အပြင် စကိတ်စီးခြင်း စတဲ့ အခြား အားကစား စတင်ခြင်းဟာလည်း ကျန်းမာရေး အတွက် ပိုကောင်းစေသလို ခန္ဓာကိုယ် အတွင်းပိုင်းအတွက် ပိုပြီးကောင်းမွန်စေပါတယ်” ဟု ပြော သည်။

ယင်း အပြေးပြိုင်ပွဲမှ ရရှိသည့် လက်မှတ် ရောင်းရငွေ အားလုံးကို ယူကေရှိ Disability Snowsport သို့ လှူဒါန်းသွားမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117