Connect with us

Europe

ဂျာမနီ နိုင်ငံ တွင် TTIP စာချုပ် အား ဆန့်ကျင် ကန့်ကွက်သည့် အကြီးစား လူထု ဆန္ဒပြမှု ပြုလုပ်

ဂျာမနီ နိုင်ငံ ဘာလင်မြို့တွင် TTIP စာချုပ် အား ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ နေသူ များအား မြင်တွေ့ ရစဉ် (ဆင်ဟွာ)

ဘာလင် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ရှိ အဖွဲ့အစည်းများ နှင့် လူမှုရေး အသင်းအဖွဲ့ များမှ စုပေါင်း၍ အောက်တိုဘာ ၁၀ ရက်နေ့ တွင် ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မိတ်ဆွေဆက်ဆံရေး သဘောတူညီမှု စာချုပ် (TTIP) အား ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ ခဲ့ကြသည်။

ဆန္ဒပြမှု တွင် ဂျာမနီ နိုင်ငံ နေရာ အနှံအပြားမှ လူထု တို့သည် ဘာလင်မြို့ဗဟိုရထား ဘူတာရုံ မှ အောင်မြင်ခြင်း ကျောက်တိုင် သို့ ချီတက် ခဲ့ကြပြီး “TTIP အလိုမရှိ”၊ “TTIP အားဖယ်ရှားပေး” စသည် တို့ကို ကြွေးကြော် ခဲ့ကြသည်။ အချို့သော ဆန္ဒပြသူ များက လည်း ကနေဒါ-အီးယူ လွှတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်(CETA) ကိုလည်း ဆန့်ကျင်ကြောင်း ကြွေးကြော် ခဲ့ကြသည်။

ယခု ဆန္ဒပြမှု ကို ဦးဆောင်ခဲ့သည့် ဂျာမနီ နိုင်ငံ ရှိ အဖွဲ့အစည်း အသီးသီး မှ လူအင်အား ၂ သိန်းခွဲ ခန့်ရှိသည် ဟုပြောကြား ခဲ့ပြီ ဂျာမနီ နိုင်ငံ ရဲဌာန မှ ယခု ဆန္ဒပြမှု တွင် လူပေါင်း ၁ သိန်းကျော် ရှိခဲ့ကြောင်း ပြောကြား ခဲ့ကြသည်။

TTIP သည် အမေရိကန် နိုင်ငံ နှင့် အီးယူ နိုင်ငံ တို့မှ လက်ရှိချိန် တွင် ဆွေးနွေး ညှိနှိုင်းဆောင်ရွက် နေသော ကုန်သွယ်မှု သဘောတူညီမှု တစ်ခုဖြစ်သည်။

ဤသဘော တူညီမှု၏ ရည်ရွယ်ချက်မှာ လူပေါင်း သန်း ၈၀၀ ကို လွှမ်းခြုံနိုင်သည့် လွှတ်လပ်စွာ ကုန်သွယ်မှု ဇုန် တစ်ခု တည်ဆောက်ရန် ဖြစ်သည် သို့သော် ဤ သဘော တူညီမှု မှာလည်း အငြင်းပွာ ဖွယ်ရာ များစွာ ဖြစ်ခဲ့သည့် သဘောတူညီမှု တစ်ခု လည်းဖြစ်ခဲ့သည်။

ဤ သဘောတူညီမှု ကို ထောက်ခံအားပေးသူ များက TTIP မှ တစ်ဆင့် ကုန်သွယ်မှု ကိုတွန်းအားပေးစေနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း များစွာကို လည်းဖန်တီး နိုင်မည် ဟု ပြောကြသည်။

ဆန့်ကျင် ကန့်ကွက်သူများ က ဤ သဘောတူညီမှု သည် ပွင့်လင်းမြင်သာမှု မရှိဘဲ တစ်ချို့အချက်များသည် သဘာဝပတ်ဝန်းကျင် ၊ အစားအသောက် လုံခြုံမှု နှင့် ကျန်းမာရေး စသည့် ကဏ္ဍ များတွင် အနုတ် လက္ခဏာ များ ဖြစ်ပေါ် စေနိုင်ကြောင်း ပြောကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.