Connect with us

Europe

Zara တည်ထောင်သူ အမန်စီယို အိုတက်ဂါ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာ

စပိန်လူမျိုး Zara ဖက်ရှင် သူဋ္ဌေး အမန်စီယို အိုတက်ဂါနှင့် မိုက်ခရိုဆော့ဖ် သူဋ္ဌေး ဘီလ်ဂိတ်။(ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများ လက်လီရောင်းချသည့် Zara ကို တည်ထောင်သူ စပိန်လူမျိုး အမန်စီယို အိုတက်ဂါသည် ဘီလ်ဂိတ်ကို ကျော်ဖြတ်၍ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာကြောင်း ဖို့ဘီ မဂ္ဂဇင်းက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကြေညာလိုက်သည်။

မြင့်တက်လာသော စပိန် အဝတ်အထည် ကုမ္ပဏီ Inditex ၏ စတော့ခ် ဈေးကွက် တန်ဖိုးများအရ ကမ္ဘာ့ ထိပ်တန်း လက်လီ ဖြန့်ချိသူ တစ်ဦး ဖြစ်သော Zara ကုမ္ပဏီသည် သောကြာနေ့တွင် ရှယ်ယာ တစ်ရှိန်ထိုး မြင့်တက် လာခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် ယူရို ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံ) အထက်သို့ ရောက်ရှိ ခဲ့သည်။

Inditex ၏ စာရင်းများ အရ Inditex ကုမ္ပဏီတွင် အိုတက်ဂါက ရှယ်ယာ ၅၉.၂၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ရင်းနှီးမြှပ်နှံမှု ပမာဏ ယူရို ၆၂.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၈.၆ ဘီလီယံ) ရှိပါသည်။

၎င်းက မိုက်ခရိုဆော့ဖ် ပိုင်ရှင် ဘီလ်ဂိတ်အား ကျော်တက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Inditex ကုမ္ပဏီ၌ Zara, Massimo, Dutti, Bershka, Pull & Bear, Stradivarius, Oysho, Zara Home and Uterque စသည့် တံဆိပ်များ အပါအဝင် တံဆိပ်ပေါင်း ရှစ်ခု ပါဝင်သည်။ ၎င်းတွင် မတူညီသော ဈေးကွက် ၈၈ ခုတွင် စတိုးဆိုင်ပေါင်း ၆၇၄၆ နှင့် အလုပ်သမားပေါင်း ၁၄၀,၀၀၀ အား အလုပ်ခန့်ထား ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.