International Organizations
ကမ္ဘာ့ဘဏ်က ဂျော်ဒန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ ချေးမည်

အမ်မန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ဆီးရီးယား ဒုက္ခသည်များ နှင့် ပြည်တွင်း အဖွဲ့အစည်းများ အား ကူညီ ထောက်ပံ့ပေးနိုင်ရန် အတွက် ဂျော်ဒန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ ချေးပေးသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အမ်မန်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ Kim က အဆိုပါ ချေးငွေအား နှစ် ၄၀ ကျော် အတွင်း ပြန်လည် ပေးဆပ်သွားရမည် ဖြစ်ပြီး ဂျော်ဒန်နိုင်ငံ အနေဖြင့် အတိုးပေးရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံ စီမံကိန်း ရေးဆွဲခြင်းနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး Imad Fakhoury က ကမ္ဘာ့ဘဏ်ထံမှ နောက်ထပ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ရရှိရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစာ ရှင်းလင်းပွဲ၌ ဂျော်ဒန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Nasser Judeh က နိုင်ငံတွင်းသို့ ဝင်ရောက်လာ သည့် များပြားလှသည့် ဆီးရီးယား ဒုက္ခသည် အရေးကို ဖြေရှင်းရန် အတွက် နိုင်ငံတကာမှ ကူညီ ထောက်ပံ့မှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ဆက်၍ ဂျော်ဒန်နိုင်ငံသည် ဆီးရီးယား ဒုက္ခသည်၁.၃ သန်းအတွက် ခိုလှုံရာ ဒေသ တစ်ခု ဖြစ်လာခဲ့သည် မှစ၍ ကဏ္ဍ အမျိုးမျိုးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ (Xinhua)