Connect with us

International Organizations

စက်မှုလုပ်ငန်း ဖွံ့ဖြိုးလာမှုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ထက်ဝက်ခန့်အား ခြိမ်းခြောက်နေ

ပိတ်ပစ်ရမည့် အခြေအနေသို့ ရောက်လာရန် ခြိမ်းခြောက်ခံနေရသည့် ကမ္ဘာ့အမွေအနှစ်နေရာများ (ဓာတ်ပုံ- အင်တာနက်)

လန်ဒန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှုက ကမ္ဘာပေါ်ရှိ သဘာဝ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နေရာ ထက်ဝက်ခန့် အား ပိတ်ပစ်ရမည့် အခြေအနေသို့ ရောက်လာရန် ခြိမ်းခြောက်လျက် ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သည့် အဖွဲ့အစည်း ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ရန်ပုံငွေ (WWF) က ဧပြီလ ၆ ရက်က ပြောသည်။

အဆိုပါ အမွေအနှစ် နေရာအားလုံးမှာ ကုလသမဂ္ဂ၏ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်ထားပြီး ဖြစ်သော်လည်း ကျောက်ဖြစ် ရုပ်ကြွင်း ရှာဖွေခြင်း၊ တရားမဝင် သစ်ခုတ်ခြင်းနှင့် အခြား စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှု များက ယင်းနေရာများအား အန္တရာယ် ဖြစ်လာစေသည်။

သဘာဝ လူနေထိုင်မှု သို့မဟုတ် ပန်းမျိုးစုံနှင့် တိရစ္ဆာန် မျိုးစုံအလိုက် သတ်မှတ်ထားသည့် ကမ္ဘာ့အမွေအနှစ် နေရာ ၂၂၉ ရှိသည့်အနက် အနည်းဆုံး ၁၁၄ ခုမှာ ထိုသို့ ခြိမ်းခြောက်မှုများ တွေ့ကြုံနေရကြောင်း အစီရင်ခံစာ အရ သိရသည်။

WWF ၏ ရှာဖွေတွေ့ရှိမှုက ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ် ကော်မတီက စာရင်းပြုစုထားသော အန္တရာယ် ကျရောက်နိုင်သည့် သဘာဝနေရာ ၁၈ ခုထက် ပိုပြီး များနေသည်ဟု ဆိုသည်။

“ဒီနေရာတွေဟာ ခရီးသွားလုပ်ငန်း၊ သဘာဝ အရင်းအမြစ်က တဆင့် စီးပွားရေးကို အကူအညီ ဖြစ်စေလို လူ သန်းပေါင်းများစွာရဲ့ အသက်မွေးဝမ်းကျောင်းကိုလဲ ထောက်ပံ့ပေးနေပြန်တယ်” ဟု WWF-UK ၏ အမှုဆောင် အရာရှိချုပ် ဒေးဗစ် နက်စ်ဘမ်းက ပြောသည်။ (Xinhua)