International Organizations
မာလီနိုင်ငံ၌ လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် လေးဦး သေဆုံး

ကုလသမဂ္ဂ၊ မတ် ၁ ရက် (ဆင်ဟွာ)
မာလီနိုင်ငံတွင် ကုလသမဂ္ဂ မော်တော်ယာဉ် တစ်စီး လမ်းဘေးဗုံးထိမှန်ခဲ့မှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ စတီဖင် ဒူဂျာရစ် (Stephane Dujarric) က ပြောကြားခဲ့သည်။
“မာလီနိုင်ငံ Mopti ဒေသရှိ Boni-Douentza မြို့နယ်စပ်တွင် ငြိမ်းချမ်းရေးမစ်ရှင်မှ ကုလသမဂ္ဂ ကား တစ်စီး ဗုံးဖောက်ခွဲခံရကြောင်း သတင်းရရှိခဲ့တယ်။ ကနဦး သတင်းတွေအရ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် လေးဦးနဲ့ ဒဏ်ရာရသူ လေးဦး ရရှိခဲ့ပါတယ်” ဟု ဒူဂျာရစ်က ဆိုသည်။
Mopti ဒေသသည် မာလီနိုင်ငံ Inner Niger Delta ဒေသအတွင်း၊ မြို့တော် Bamako ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Mahamat Saleh Annadif က ပြောကြားခဲ့သည်။ (Xinhua)