Connect with us

International Organizations

ပါပူဝါနယူးဂီနီ နိုင်ငံ အလယ်ပိုင်း ဒေသတွင် အင်အား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ်

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ၌ ပါပူဝါနယူးဂီးနီ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ၇.၅ အဆင့်ရှိ ငလျင်ကြောင့် တောင်ပြိုမှု ဖြစ်ပွား သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ မတ်လ ၇ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီ နိုင်ငံ အလယ်ပိုင်း ဒေသတွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်း အချိန်၌ အင်အား ၅.၀ အထက် ရှိ ငလျင် ဆက်တိုက် ၄ ကြိမ် ဖြစ်ပွား ခဲ့ပြီး ထို့အတွင်း မှ အင်အား အပြင်းဆုံး တစ်ကြိမ် အနေဖြင့် ၆.၇ အဆင့် အထိ ရောက် ရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက်အရ မတ်လ ၇ ရက်နေ့ ဒေသစံတော်ချိန် ၀ နာရီ ၁၃ မိနစ် ၀၆ စက္ကာန့် အချိန်တွင် ပါပူဝါနယူးဂီနီ နိုင်ငံ အလယ်ပိုင်း Porgera ဒေသ အနောက်တောင်ပိုင်း ၁၁၂ ကီလိုမီတာ အကွာအဝေး ခန့်တွင် မြေအောက်အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၃၅ မိနစ် အချိန်ထိ ငလျင် ၃ ကြိမ် ဆက်လက် ဖြစ်ပွား ခဲ့ရာ အင်အား ၅.၁ ၊ ၅.၂ နှင့် ၅.၂ အသီးသီး ရှိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ၌ ပါပူဝါနယူးဂီနီ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ၇.၅ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း အနည်းဆုံး ၃၁ ဦး သေဆုံး ခဲ့ပြီး လူပေါင်း ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပါပူဝါနယူးဂီနီ နိုင်ငံ သည် ငလျင်ကျော ပေါ်တွင် တည်ရှိနေပြီး ပစိဖိတ် ဒေသ မီးတောင်လှုပ်ရှားရာ ဒေသတွင် တည်ရှိနေသောကြောင့် မကြာခဏ ငလျင် ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.