Connect with us

International Organizations

နှစ်ပြည်ထောင် ဖြေရှင်းနည်း ကို အစ္စရေးက တံခါးပိတ်ထားဟု မာမွတ်အက်ဘက်စ် ပြော

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မိန့် ခွန်းပြောနေသော ပါလက်စတိုင်းဝန်ကြီးချုပ် မာမွတ်အက်ဘက်စ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ပါလက်စတိုင်းသမ္မတမာမွတ်အတ်ဘက်စ်က ဖေဖော်ဝါရီ ၂ဝ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးစဉ် “နှစ်ပြည်ထောင် ဖြေရှင်းနည်း ကို အစ္စရေးက တံခါးပိတ်ထား” ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ အစ္စရေးဟာ ဥပဒေကို ဂရုမပြု အလေးမထားတဲ့ နိုင်ငံ ပုံစံမျိုး ပြုမူနေတယ်” ဟု ဘတ်ဘက်စ်က လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးရရှိရန် အတိတ်ကာလက ကြိုးပမ်းချက်အားလုံးမှာ အစ္စရေးအစိုးရကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂ဝ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ လပတ်အစည်းအဝေးပြုလုပ်ခဲ့သည်။ယင်းအစည်းအဝေးတွင် ပါလက်စတိုင်းလူမျိုးအရေးမေးခွန်း အပါအဝင် အရှေ့အလယ်ပိုင်းအခြေအနေ အာဂျင်ဒါ ကို ထည့်သွင်းဆွေးနွေးခဲ့သည်။

ဂျေရုစလမ်အား အစ္စရေးနိုင်ငံမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းအပေါ် “ အမေရိကန်အစိုးရသည် ဥပဒေမဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့တယ်” ဟူ၍လည်း အက်ဘက်စ်က သတိပေးပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ဂျေရုစလမ်အား အစ္စရေးနိုင်ငံမြို့တော်အဖြစ် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် တရားဝင် အသိအမှတ်ပြု ထုတ်ဖော်ကြေညာခဲ့ပြီး အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံးကို ဂျေရုစလမ်၌ ပြောင်းရွှေ့ဖွင့်လှစ်ရန် အစီအစဉ်တစ်ခုကိုလည်း ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် ဥရောပနိုင်ငံများ နှင့် အာရပ်နိုင်ငံများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.