International Organizations
အတွင်းရေးမှူးချုပ်သစ် ရာထူးအတွက် လုံခြုံရေးကောင်စီ၌ စက်တင်ဘာ ၉ ရက်တွင် မဲခွဲမည်
 
																								
												
												
											ကုလသမဂ္ဂ၊စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ရာထူးသက်တန်းကုန်ဆုံးမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေရာ၌ ဆက်ခံသူအဖြစ် အမည်စာရင်းတင်သွင်းထားသော ကိုယ်စားလှယ်လောင်း ၁ဝ ထဲမှ မည်သူ့ကို ရွေးခြယ်မည်ဟူသည့် ပထမအကြိမ်မဲခွဲဆုံးဖြတ်ခြင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ စက်တင်ဘာ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကုလမသဂ္ဂဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Gerard Jacobus van Bohemen က စက်တင်ဘာ ၂ ရက်တွင် ကြေညာလိုက်သည်။
ထို့ပြင် ဒုတိယအကြိမ်လျှို့ဝှက်မဲပေးခြင်းကို စက်တင်ဘာ ၂၆ ရက်တွင် ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ၏ စက်တင်ဘာလ အတွက် လုပ်ငန်းစဉ်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ Gerard က ပြောကြားခဲ့ခြင်းဖြစ်သည်။ နယူးဇီလန်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁ဝ နိုင်ငံထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်နေပြီး လက်ရှိတွင် အလှည့်ကျ ဥက္ကဌရာထူးတာဝန်ကို ထမ်းဆောင်နေသော နိုင်ငံဖြစ်သည်။
အဆိုပါ မဲခွဲဆုံးဖြတ်ခြင်းကို တာဝန်ခံမှုအပြည့်ဖြစ် အဆင့်ဆင့်လက်လွှဲဆောင်ရွက်နိုင်ရန် လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌသည် ရုရှားနိုင်ငံနှင့် ယခုလအတွင်း တံခါးပိတ်ဆွေးနွေးမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် အိုက်စလန် မှ Helen Clark သည် အတွင်းရေးမှူးချုပ်ရာထူးအတွက် ဝင်ရောက်အရွေးခံရန် ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာ ၁ ရက် ညနေပိုင်းက ပြုလုပ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တံခါးပိတ်ဆွေးနွေးပွဲ သဘောတူညီအချက် အတွင်းရေးမှူးချုပ်ရာထူးအတွက် တတိယအကြိမ်မဲခွဲဆုံးဖြတ်ခြင်းကို အောက်တိုဘာလ ပထမ ရက်သတ္တပတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ကဆိုသည်။(Xinhua)

 
									 
																	 
									 
																	 
									