International Organizations
ကုလသမဂ္ဂ က ၂၀၁၈ ခုနှစ် တွင် လူပေါင်း သန်း ၈၂၀ စားနပ်ရိက္ခာ မလုံလောက် သည့် အခြေအနေ တွင် ရှိနေကြောင်း ထုတ်ပြန်

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ၏ ကမ္ဘာ့ စားနပ်ရိက္ခာ လုံခြုံရေး နှင့် အဟာရ အခြေအနေ အစီရင်ခံစာ အရ လတ်တလော နှစ်ပိုင်း အတွင်း ကမ္ဘာ့ စားနပ်ရိက္ခာ လုံလောက်စွာ မရရှိသည့် လူဦးရေ မှာ အဆက်မပြတ် တိုးမြင့် လာခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် လူပေါင်း ၈၂၁.၆ သန်း ခန့် စားနပ်ရိက္ခာ လုံလောက်စွာ မရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာ့ စားနပ်ရိက္ခာ လုံလောက်စွာ မရရှိသည့် လူဦးရေ နှင့် ကမ္ဘာ့စုစုပေါင်း လူဦးရေ ၏ အချိုး မှာ လွန်ခဲ့သည့် ဆယ်စုနှစ် များ အတွင်း ဆက်တိုက် ကျဆင်းလာ ခဲ့ပြီး ၂၀၁၅ ခုနှစ် မှ စတင်၍ ၁၁ ရာခိုင်နှုန်းအောက်တွင် တည်ရှိရန် ထိန်းသိမ်း နိုင်ခဲ့ကြောင်း ၊ သို့သော် လူဦးရေ အားဖြင့် ကြည့်လျှင် ကမ္ဘာ့ စားနပ်ရိက္ခာ မလုံလောက်သည့် လူဦးရေ မှာ ၂၀၁၅ ၊ ၂၀၁၆ ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် တို့ တွင် ၇၈၅.၄ သန်း ၊ ၇၉၆.၅ သန်း ၊ ၈၁၁.၂ သန်း နှင့် ၈၂၁.၆ သန်း ဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာ့ စားနပ်ရိက္ခာ လုံခြုံရေး နှင့် အဟာရ အခြေအနေ အစီရင်ခံစာ က ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး လုပ်ငန်း အဖွဲ့အစည်း ၊ ကုလသမဂ္ဂ ကလေးသူငယ် ဖောင်ဒေးရှင်း ၊ ကမ္ဘာ့ ကျန်းမားရေး အဖွဲ့ချုပ် ၊ နိုင်ငံတကာ စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် တို့ မှ ပူးပေါင်း ထုတ်ပြန် သည့် အစီရင်ခံစာ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)