Connect with us

International Organizations

ကုလသမဂ္ဂ တွင် နိုင်ငံ နှင့် အဖွဲ့အစည်း ပေါင်း ၅၀ ခန့် က အနောက်နိုင်ငံ တို့ ၏ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု အပေါ် ပြစ်တင်ဝေဖန်

ကုလသမဂ္ဂ တွင် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၏ ၄၂ ကြိမ်မြောက် အစည်းအဝေး အား စက်တင်ဘာ ၁၂ ရက် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း နှင့် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာ ဟူသည့် ခေါင်းစဉ်ဖြင့် ဖိုရမ် တစ်ရပ် ကျင်းပ ခဲ့ရာ တွင် ဖိုရမ် တက်ရောက် ခဲ့သည့် နိုင်ငံ နှင့် NGO အဖွဲ့အစည်း များ က အနောက်နိုင်ငံများ ၏ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း အပေါ် အသီးသီး ပြစ်တင် ဝေဖန် ခဲ့ကြသည်။

တရုတ် နိုင်ငံ ကိုယ်စားလှယ် က အနောက် နိုင်ငံ အချို့ ၏ အင်အားကြီး နိုင်ငံရေး မူဝါဒ အား တွန်းအား ပေး ဆောင်ရွက်ပြီး တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခြင်း ၊ စီးပွားရေး အရ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း နှင့် ငွေကြေးဆိုင်ရာ အရေးယူမှု ဆောင်ရွက်ခြင်း စသည် တို့ က တစ်ဖက် နိုင်ငံ ပြည်သူလူထု လိုအပ်ချက် အရ တိုးတက်အောင် ဆောင်ရွက်မှု နှင့် လူ့အခွင့်အရေး ကို ဆိုးရွာစွာ အနှောင့်အယှက် ဖြစ်စေသည့် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း မှ မြင့်မားစွာ သတိထား ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မည်သည့် ပုံစံ နှင့် မည်သည့် အကြောင်းပြချက် ဖြင့် ဆောင်ရွက် သော တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ကို မဆို ခိုင်မြဲစွာ ဆန့်ကျင် ပြီး သက်ဆိုင်ရာ နိုင်ငံ များ ယင်းကဲ့သို့သော အနိုင်ကျင့်မှုများ ကို ချက်ခြင်း ရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ဖိုရမ် တွင် နိုင်ငံ နှင့် NGO အဖွဲ့အစည်းပေါင်း ၅၀ ခန့် မှ ကိုယ်စားလှယ် များ က အမေရိကန် စသည့် အနောက်နိုင်ငံ တို့၏ မိမိ သဘောအလျှောက် တစ်ဖက်သတ် ပိတ်ဆို့အရေးယူ ဆောင်ရွက်မှုများ အပေါ် ဝေဖန် ခဲ့ကြသည်။ ကျူးဘား ၊ ဗင်နီဇွဲလား နှင့် အီရန် နိုင်ငံ တို့ မှ ကိုယ်စားလှယ် များ က အမေရိကန် နိုင်ငံ ၏ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း သည် လူ့အခွင့်အရေး အား ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း တိုက်ခိုက်ပြောကြား ခဲ့ပြီး ရုရှား ၊ မလေးရှား ၊ အီရတ် ၊ ဆူဒန် ၊ ဘီလာရုစ် ၊ဘိုလီးဗီးယား နှင့် ဆီးရီးယား စသည့် နိုင်ငံ တို့မှ ကိုယ်စားလှယ် များ က အမေရိကန် နိုင်ငံ ၏ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခြင်းအပေါ် ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံများ က လည်း တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ကြောင့် လူ့အခွင့်အရေး အပေါ် သက်ရောက်မှုများ ဖြစ်ပွားနေခြင်း ကို တားဆီး နိုင်သည့် ဥပဒေ အား အမြန်ဆုံး သတ်မှတ်နိုင်ရန် တိုက်တွန်းပြောကြား ခဲ့ကြသည်။(Xinhua)