Connect with us

International Organizations

ပါပူဝါနယူးဂီနီ နိုင်ငံ အနီး ပင်လယ်ပြင် တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင် လှုပ်ခတ်မှု ကြိမ်နှုန်း ပြသနေသည် ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီ နိုင်ငံ အနီး ပင်လယ်ပြင် တွင် ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်တစ်ခု ဇူလိုင်လ ၁၂ ရက် က လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး ဌာန က ထုတ်ပြန်ကြေညာ ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

သတင်း ထုတ်ပြန်ချက် အရ ငလျင် က ဂရင်းနစ် စံတော်ချိန် ဇူလိုင် ၁၁ ရက် ၁၇ နာရီ ၈ မိနစ် တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တောင်လတ္တီကျု ၄.၆၅၃၃ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၅၅.၂၄၄၉ ဒီဂရီ ၊ မြေအောက်အနက် ၄၉၇ ကီလိုမီတာ၌ လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ပစိဖိတ်သမုဒ္ဒရာ ဆူနာမီ သတိပေး စင်တာ က ငလျင် လှုပ်ခတ်ပြီးနောက် ဆူနာမီ သတိပေး ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ပါပူဝါနယူးဂီနီ နိုင်ငံ က ပစိဖိတ် သမုဒ္ဒရာ မီးတောင်ဇုန် ဒေသ အတွင်း တည်ရှိပြီး မကြာခဏ ငလျင် လှုပ်ခတ်လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.