Connect with us

International Organizations

ကုလသမဂ္ဂ အနေဖြင့် နိုဝင်ဘာလ တွင် လစာထုတ်ပေးရန် အခက်အခဲ ရှိနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က သက်ဆိုင်ရာ အဖွဲ့ဝင် နိုင်ငံ များမှ ကုလသမဂ္ဂ ဘတ်ဂျက် ထည့်ဝင်ငွေ နှင့် သက်ဆိုင်ရာ ထည့်သွင်းငွေ များ အား ချက်ချင်း အလုံးစုံ ပေးသွင်းခြင်းမရှိ ပါ က ကုလသမဂ္ဂ အနေဖြင့် နိုဝင်ဘာလ တွင် လစာထုတ်ပေးရန် အခက်အခဲ ရှိနိုင်ကြောင်း သတိပေးခဲ့ပြီး ကုလသမဂ္ဂ ပုံမှန် လည်ပတ် နိုင်ရေး အတွက် သက်ဆိုင်ရာ ထည့်ဝင်ရမည့် ငွေများအား ချက်ချင်း ထည့်သွင်းရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ဂူတာရက်စ် က ကုလသမဂ္ဂ အစည်းအဝေး တွင် အောက်တိုဘာလ တွင် ကုလသမဂ္ဂ အနေဖြင့် ဆယ်စုနှစ် အတွင်း အဆိုးရွားဆုံး လိုငွေ ပြဿနာ ဖြစ်ပေါ်မည် ဖြစ်ကြောင်း ၊ ယခုနှစ် ဇန်နဝါရီလ မှ စတင်၍ သုံးငွေ လျှော့ချခြင်း နှင့် လစဉ် ငွေကြေး စီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့သောကြောင့် လက်ရှိချိန် တွင် အခြေအနေ များစွာ  မဆိုးရွားခဲ့ကြောင်း ၊ မိမိ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ အား ကုလသမဂ္ဂ ၏ လက်ရှိကြုံတွေ့နေရသည့် ငွေကြေးအခက်အခဲ နှင့် သက်ဆိုင်ရာ ထည့်သွင်းရမည့် ငွေများ ချက်ချင်း ထည့်သွင်းကြရန် စာရေးသား ပေးပို့ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အောက်တိုဘာ ၈ ရက် အထိ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံ တွင် ၁၂၉ နိုင်ငံ က သက်ဆိုင်ရာ ထည့်သွင်းရမည့် ငွေများအား အလုံးစုံ ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း ၊ စက်တင်ဘာ လကုန်ချိန် အထိ အဖွဲ့ဝင် နိုင်ငံများ က အဖွဲ့ဝင်ကြေး နှင့် သက်ဆိုင်ရာ ထည့်သွင်းရမည့် ငွေ အားလုံး ၏ ၇၀ ရာခိုင်နှုန်း အား ထည့်သွင်းခဲ့ကြပြီး ယခင်နှစ်ထက် ၇၈ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ အနေဖြင့် ယခုနှစ် ပထမ နှစ်ဝက် အတွင်း ကုလသမဂ္ဂ အဖွဲ့ဝင်ကြေး နှင့် သက်ဆိုင်ရာ ထည့်သွင်းရမည့် ငွေကြေး အားလုံး ထည့်သွင်းပြီး ဖြစ်ကာ လက်တွေ့ ဆောင်ရွက်မှုဖြင့် ကုလသမဂ္ဂ ၏ လုပ်ငန်း နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ ထောက်ခံ ခဲ့ကြောင်း သိရှိရသည်။(Xinhua)