Connect with us

International Organizations

အာရှ-ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးမှုအား တိုးမြှင့်ရန် ဘက်စုံ သစ်တော ဦးစားပေး သတ်မှတ်ချက်အား အေပက် (APEC) ကြေညာ

တတိယ အကြိမ်မြောက် အေပက် အဖွဲ့ဝင်နိုင်ငံများမှ သစ်တောဝန်ကြီးများအား အစည်းအဝေးအပြီး အမှတ်တရ ဓာတ်ပုံ ရိုက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- APEC Website)

ဆစ်ဒနီ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် ဒေသနိုင်ငံများ၌ ၂၀၂၀ ခုနှစ်တွင် သစ်တော ဧရိယာပေါင်း ဟက်တာ ၂၀ မီလီယံ တိုးမြှင့် ဖုံးလွှမ်းနိုင်ရေး၊ တရားမဝင် သစ်ခုတ်ယူမှုများအား အမြစ်ပြတ် ချေမှုန်းရေးနှင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာရေးတို့သည် သစ်တောများ ရေရှည် တည်တံ့ရေးအတွက် အေပက် (APEC) အဖွဲ့ ၏ ဦးစားပေး လုပ်ဆောင်ရန် သတ်မှတ်ချက်များ ဖြစ်ကြောင်း ကြေငြာခဲ့သည်။

တတိယအကြိမ် အေပက် သစ်တော ဝန်ကြီးများ၏ အစည်းအဝေးကို ပါပူဝါ နယူးဂီနီတွင် ကျင်းပ၍ ဒေသတွင်း လူမှု-စီးပွားရေး ဖွံ့ဖြိုးမှု တိုးမြှင့်လာစေရေးတွင် ရေရှည်တည်တံ့သော သစ်တော စီမံခန့်ခွဲမှု၏ အရေးပါမှုအား မီးမောင်းထိုးပြခဲ့ကြောင်း ပြည်တွင်း မီဒီယာများက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဝန်ကြီးများသည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် မြေအသုံးပြုသော အခြား ကဏ္ဍခွဲများ အပါအဝင် ပုဂ္ဂလိ ကနှင့် ကဏ္ဍအလိုက် စေ့စပ်မှုများ ထောက်ပံ့နိုင်ရန် သင့်လျော်သော မူဘောင်များချမှတ်မည့် အခန်းကဏ္ဍအား အသိအမှတ်ပြုခဲ့ကြောင်း အစည်းအဝေးမှ တရားဝင် သတင်းထုတ်ပြန်ထားသည်။

ပါပူဝါ နယူးဂီနီ၌ လာမည့် ၂၀၁၈ ခုနှစ်တွင် အေပက် ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.