Connect with us

International Organizations

အစ္စတန်ဘူလ်မြို့အကြမ်းဖက်တိုက်ခိုက်ခံရခြင်းကို ကုလသမဂ္ဂ ပြစ်တင်ဝေဖန်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ လူပေါင်း ၃၉ ဦးသေဆုံးပြီး ၁၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုအတွက် “ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း နှင့် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်ကြောင်း ” ဒီဇင်ဘာလ ၁၂ ရက်တွင် ပြစ်တင်ဝေဖန်လိုက်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် “ အကြမ်းဖက်ဝါဒသည် နိုင်ငံတကာလုံခြုံရေး နဲ့တည်ငြိမ်အေးချမ်းရေးကို အဆိုးရွားဆုံးခြိမ်းခြောက်နေသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း” ဖော်ပြပါရှိသည်။

“ ပြစ်မှုကျူးလွန်သူတွေ၊ အဖွဲ့အစည်းတွေ၊ ဘဏ္ဍာရေးငွေကြေးနဲ့ထောက်ပံ့ကူညီမှုအားလုံးဟာ အကြမ်းဖက်မှုကို သွယ်ဝိုက်ကိုယ်စားပြုနေသူကြသူတွေဖြစ်ပြီး အဲဒီ အကြမ်းဖက်ဝါဒီတွေကို တရားဥပဒေရှေ့မှောက်ကိုပို့ဆောင်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်က ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်။ နိုင်ငံတကာဥပဒေတွေ ၊ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ နဲ့အတူ တူရကီအစိုးရ နဲ့ဖြစ်စဉ်မှာပါဝင်ကြတဲ့သက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟုထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ရှိ အားကစားရုံအပြင်ဘက်တွင် ဒီဇင်ဘာလ ၁ဝ ရက် က ဗုံးနှစ်လုံးပေါက်ကွဲခဲ့သည်။ Besiktas ခရိုင်ရှိ အားကစားရုံပြင်ဘက်၌ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များကို ဗုံးများတင်ဆောင်ထားသည့် ကားတစ်စီးက ဦးတည်မောင်းဝင်ပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.