Connect with us

International Organizations

ကုလသမဂ္ဂ အဆင့်မြင့်ရာထူးနေရာများအတွက် အမျိုးသမီး ၃ ဦး ခန့်အပ်ခံရ

ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည့် နိုင်ဂျီးရီးယားနိုင်ငံမှ မစ္စ အမီနာ ဂျေ. မိုဟာမက် (Amina J. Mohammed) အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသစ် ဖြစ်လာမည့် အန်တိုနီယို ဂူတာရက်စ်သည် ၎င်း၏ ဝန်ထမ်း ဦးစီးမှူးအဖြစ် နိုင်ဂျီးရီးယားနိုင်ငံမှ မစ္စ အမီနာ ဂျေ. မိုဟာမက် (Amina J. Mohammed) အား လည်းကောင်း၊ အခြား အမျိုးသမီး နှစ်ဦးကိုလည်း စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ရာထူးများ၌ လည်းကောင်း ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်က ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်အား ဇန်နဝါရီ ၁ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်မည့် ဂူတာရက်စ်၏ ကိုယ်စား ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ် (Stephane Dujarric) က နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့ခြင်း ဖြစ်သည်။

မိုဟာမက်သည် လက်ရှိတွင် နိုင်ဂျီးရီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ၎င်းသည် ယခင်က ကုလ အကြီးအကဲဟောင်း၏ ၂၀၁၅ အလွန် ဖွံ့ဖြိုးမှု စီမံကိန်း အထူးအကြံပေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ထို့နောက် ဂူတာရက်စ်သည် ဘရာဇီးနိုင်ငံမှ မစ္စ Maria Luiza Ribeiro Viotti အား ကက်ဘိနက် အကြီးအကဲအဖြစ် လည်းကောင်း၊ မစ္စ Kyung-wha Kang အား ၎င်း၏ မူဝါဒဆိုင်ရာ အထူး အကြံပေးအဖြစ် လည်းကောင်း အသီးသီး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် Viotti သည် ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် အတွင်းဝန် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး BRICS ဆိုင်ရာ လုပ်ငန်းအတွက် အထူး တာဝန်ရှိသူ တစ်ဦး ဖြစ်သည်။

ထို့ပြင် Kang သည်လည်း အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ကူးပြောင်းရေး အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထွေထွေ အတွင်းရေးမှူး၏ လက်ထောက်အဖြစ် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီးအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဂူတာရက်စ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသစ်အဖြစ် ဒီဇင်ဘာလ ၁၂ ရက်က ကျမ်းသစ္စာ ကျန်ဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.