Connect with us

International Organizations

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် ဂူတာရက်စ် ကျမ်းကျိန်မည်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်(သစ်) Antonio Guterres အားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်(သစ်) အဖြစ် ရွေးချယ်ခြင်းခံထားရသော အန်တိုနီယိုဂူတာရက်စ်( Antonio Guterres ) သည် အတွင်းရေးမှူးချုပ်အဖြစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၌ ကျမ်းကျိန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း UNGA ဥက္ကဋ္ဌ၏ ပြောခွင့်ရပုဂ္ဂိုလ် Dan Thomas က ဒီဇင်ဘာလ ၉ ရက်တွင် သတင်းသမားများအား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရာထူးမှ အနားယူတော့မည် မစ္စတာဘန်ကီမွန်း အား ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် အတွင်းရေးမှူးချုပ်(သစ်) အဖြစ် တာဝန်ထမ်းဆောင်မည့် ဂူတာရက်စ်က ကျမ်းကျိန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း အစည်းအဝေးပွဲကို ဒီဇင်ဘာလ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသွားမည်ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာလ ၁၃ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)က ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်(ဟောင်း) အန်တိုနီယိုဂူတာရက်စ် အား ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရာထူးမှ အနားယူတော့မည့် ဘန်ကီးမွန်၏ နေရာ၌ ဆက်ခံရန် ၉ ယောက်မြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ဂူတာရက်စ်သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ ၅ နှစ်တာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အသက် ၆၇ နှစ်အရွယ်ရှိ ဂူတာရက်စ်သည် ၂ဝဝ၅ ခုနှစ် ဇွန်လ မှ ဒီဇင်ဘာလ အထိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယင်းမတိုင်မီက ၎င်းသည် ပေါ်တူဂီနိုင်ငံ၌ အစိုးရဝန်ထမ်းတစ်ဦးအဖြစ် နှစ်ပေါင်း ၂ဝ ကြာ အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ၁၉၉၅ ခုနှစ် မှ ၂ဝဝ၂ ခုနှစ်အထိ ပေါ်တူဂီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.